တစ်ခေတ်တစ်ခါက နာမည်ကြီးအောင်မြင်ခဲ့တဲ့ မင်းသားကြီးနေအောင်ကတော့ သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားနဲ့ အောင်မြင်ပြီး အကယ်ဒမီထူးချွန်ဆုတွေလည်း ရရှိပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၉)ရက် ၊ ညနေ (၆)နာရီကျော်ခန့်အချိန်က ၀ါရင့်သရုပ်ဆောင် မင်းသားကြီးနေအောင်မောင်းလာတဲ့ Toyota Mark II ကားနဲ့ YBS 28 ယာဉ်တိုက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဒီယာဉ်တိုက်မှုမှာ မင်းသားကြီး နေအောင်ကတော့ ထိခိုက်ဒဏ်ရာမရရှိခဲ့ပေမယ့် ကားရဲ့အရှေ့ပိုင်း Bumper အနည်းငယ် ပျက်စီးသွားတယ်လို့ သိရပါတယ်။

source : facebook