အဆိုတော်၊ မင်းသမီးချောလေး နန်းဆုရတီစိုးတစ်ယောက်ကတော့ နေပြည်တော်ရှိ Designer Zuzu Min ရဲ့ဆိုင်ဖွင့်ပွဲ၊ ဖဲကြိုးဖြတ်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ အရမ်းကို လှရက်လွန်းခဲ့ပါတယ်။ နန်းဆုရဲ့ ပွဲတတ်မြန်မာဝတ်စုံလေးကြောင့် ပရိသတ်တွေက ကြွေပြီးရင်း ကြွေနေကြပါတယ်။

ပရိသတ်တွေ သဘောကျလောက်အောင် လှရက်လွန်းတဲ့ နန်းဆုရဲ့ ပွဲတတ်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံတွေထဲမှာတော့ နန်းဆုဟာ မြန်မာဝတ်စုံလေးကို ချပ်ချပ်ရပ်ရပ်ကလေး ဝတ်ဆင်ထားပြီး၊ ပို့စ်အမျိုးမျိုးနဲ့ ချစ်စဖွယ်ပါဘဲ။

နန်းဆုရဲ့ ပွဲတတ်မြန်မာဝတ်စုံကိုတော့ ဒီဇိုင်နာ ဇူးဇူးမင်းကပဲ ချုပ်ပေးတာဖြစ်ပါတယ်။

source : Nansu Yati Soe’s fb