ဒီဇင်ဘာ (၁၈)ရက်နေ့ကတော့ ကရင်နှစ်သစ်ကူးပွဲတော်ပါ။ အဲ့ဒီနေ့မှာတော့ အဆိုတော်တွေ၊ အနုပညာရှင် သရုပ်ဆောင်တွေက ကရင်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်အနေနဲ့ ဖျော်ဖြေပွဲတွေမှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။

နန်းဆုရတီစိုးနဲ့ G fatt တို့ချစ်သူနှစ်ယောက်ကတော့ ကရင်ပြည်နယ် ဘားအံမြို့မှာကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲတော်မှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ကရင်ပြည်နယ်က ပရိသတ်တွေအတွက် သီချင်းတွေ အများကြီးနဲ့ပါဝင်သီဆို ဖော်ျဖြေပေးခဲ့တာကို တွေ့ရပါတယ်။

နန်းဆုရတီစိုးက သူမရဲ့ fb မှာ ..”ကရင် အမျိုးသားနှစ်သစ်ကူးပွဲ သီဆိုဖျော်ဖြေခဲ့ပါတယ် ??? ပျော် စရာကြီး..” ဆိုပြီး တင်ထားပါတယ်။

G fatt ကလည်း “မနေ့ညက ကရင် အမျိုးသားနှစ်သစ်ကူး ပွဲတော် မှာ အရမ်းပျော်ဖို့ကောင်းတယ်ဗျို့ ဒီညလဲ ထပ်ဆိုဦးမှာမို့ အားလုံးတူတူလာကဲ ကြပါဦးလို့ …. ❤️ Happy Karen New Year…..”  ဆိုပြီး တင်ထားပါတယ်။

သူတို့စုံတွဲဟာ city mall မှာ အသစ်ထပ်ဖွင့်လိုက်တဲ့ 2nd center Wall Street English (Myanmar) ပွဲကို အတူတက်ရောက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

from G fatt & Nan Su ‘s fb