အဆိုတော် G Fatt နဲ့ နန်းဆုရတီစိုးကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီးဆယ်လီစုံတွဲတွေထဲက တစ်တွဲပါ။ပရိသတ် တွေ ကိုယ်တိုင်ကလည်း အရမ်းကို လိုက်ဖက်တယ်လို့ လက်ခံသဘောတူထားတဲ့ စုံတွဲလေးပါ။သူတို့စုံတွဲကတော့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း စနောက်တာတွေကိုလည်း တွေ့ရပါတယ်။

အခု နန်းဆုက သူမရဲ့ fb မှာ ပုံအသစ်လေးတွေ တင်ထားပါတယ်။ ဗန်းမောက်မြို့မှာရှိတဲ့ အရိမေတ္တေယျမြတ်စွာ ဘုရားရှင် တရားထူးဟောမယ့်နေရာလို့ ဗျာဒိတ်ပေးထားတဲ့ သမိုင်းဝင် ဇလုံတောင်ကို အလည်သွားရောက် ဖူးမြော်ခဲ့တဲ့ ပုံလေးတွေပါ။ 

“အလုပ်ကိစ္စနဲ့ခရီးထွက်ရင် အမြဲလိုလို ကိုယ်မရောက်ဖူးတဲ့နေရာဒေသကို အချိန်ပေးပြီး လေ့လာလည်ပတ်ဖြစ်တယ် …
အခုလည်း ဗန်းမောက်မြို့မှာ သီချင်းလာဆိုရင်း အရိမေတ္တေယျမြတ်စွာဘုရားရှင် တရားထူးဟောမယ့်နေရာလို့ ဗျာဒိတ်ပေးထားတဲ့ သမိုင်းဝင် ဇလုံတောင်ကို သွားရောက်လည်ပတ်ဖူးမြော်ခဲ့တယ် တောတောင်သဘာဝအလှတွေကြားမှာ ဘုရားဖူးရတာ ရင်ထဲကို အေးမြသွားတာပဲ🙏🙏🙏
ပွဲမှာချစ်ခင်စွာနဲ့ တခဲနက်လာရောက်အားပေးကြတဲ့ ပရိသတ်များလည်းအထူးကျေးဇူးတင်ပါတယ်….” ဆိုပြီး နန်းဆု က ပုံလေးတွေ တင်ထားခဲ့ပါတယ်။

နန်းဆုရဲ့ Post အောက်မှာတော့ G Fatt က သူ့ရဲ့ သီချင်းစာသားလေးကို ၀င်ရေးထားပါတယ်။ “တစ်ယောက်တည်း သတ်ချင်တယ်..” ဆိုတဲ့ သီချင်းရဲ့ စာသားကို ရေးထားတာပါ။

သစ်ရိပ်ဝါးရိပ်ရောက်သလို …. ….” ဆိုပြီး Comment ၀င်ရေးထားပါတယ်။သစ်ရိပ်ဝါးရိပ်ကို ရောက်ရင် အေးချမ်း၊အေးမြသွားသလိုမျိုးပဲ G Fatt ကို အေးချမ်းသွားစေတဲ့ နန်းဆုရဲ့ အလှပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

from G Fatt နဲ့ နန်းဆုရဲ့ fb