MRTV 4 ကနေထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ရအောင်မြင်သွားပြီး အနုပညာလောကမှာ ရပ်တည်နေကြသူတွေ အများကြီးပါ။ အဲဒီအထဲမှာ နန်းစန္ဒာလှထွန်းလည်း တစ်ယောက်အပါအ၀င်ပါ။

သူမကိုတော့ “ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲထဲက “ရေ၀တီ” ဆိုတဲ့ နာမည်လေးနဲ့တွဲသိကြပါတယ်။ တစ်ချို့ပရိသတ် တွေဆိုရင် နာမည်အရင်းကိုတောင် မခေါ်ဘဲ သူမရဲ့ဇာတ်ကောင်နာမည်အတိုင်း ရေ၀တီ လို့ပဲ ခေါ်ကြတာတွေ ရှိပါတယ်။ သူမဟာ Miss World Myanmar 2015 2nd Runner-Up ဆုရှင်လည်းဖြစ်ပါတယ်။ ပဉ္စလက်ရွာ ဇာတ်ကားထဲမှာတော့ စက်စက်ယိုကျေးရွာက ဆံရစ်ဝိုင်းဆံပင်ပုံစံ၊ သူမရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ အထူးနှစ်ခြိုက်အားပေးခြင်းကို ခံခဲ့ရပါတယ်။

ဇာတ်လမ်းတွဲအပြီးမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်လာတာ တွေ့ရပါတယ်။ လက်တလောမှာတော့ နန်းစန္ဒာလှထွန်းက သူနာပြုဆရာမ၀တ်စုံနဲ့ပုံလေးတွေကို fb မှာ တင်ထားပါတယ်။ “အရိပ်” ဇာတ်လမ်းတွဲ ထဲက ပုံလေးတွေလို့သိရပါတယ်။

“On Scene _ ခါးကတိုလို့ ဗိုက်နည်းနည်းပေါ်နေတာလေးတော့ခွင့်လွှတ်နော် … လည်ပင်းနားလေးကိုလည်းသေချာ zoom ဆွဲ ကြည့်လို့ရပါတယ် လက်တော့နည်းနည်းရှည်သွားတယ် … ဓာတ်ပုံရိုက်ရင် ယူထားတဲ့ angle နဲ့ position ကြောင့်ပုတိုတိုတွေ ရှည်ရှည်တွေဖြစ်သွားတတ်တာတော့ရှိတယ်ရှင့် …” ဆိုပြီးတော့လည်း တင်ထားတာပါ။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။