သရုပ်ဆောင် မင်းသမီးချော နန္ဒာလှိုင်ကတော့ အနုပညာလုပ်ငန်းမှာ ဒိတ်ဒိတ်ကြဲကြဲ အောင်မြင်ခဲ့သူပဲဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေကို နားခဲ့ပြီး အခုဆိုရင်တော့ သာယာတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်နေရပါတယ်။ သမီး (၃)ယောက်ရှိပြီး ယောကျာ်းဖြစ်သူရဲ့ အချစ်တွေကိုလည်း သိမ်းပိုက်ထားနိုင်သူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ(၁၁)ရက်နေ့ မနက်ပိုင်းမှာ နန္ဒာလှိုင်တို့မိသားစုက ပရိသတ်တွေ သာဓုယူဖွယ် အလှူကြီးတစ်ခုကို ပြုလုပ်လှူဒါန်းခဲ့ကြပါတယ်။ ၀င်းစိန်ဆရာတော်ကြီးရဲ့ ရုပ်ကလပ်အား သင်္ကန်းလဲလှယ်ပူဇော်ပွဲမှာ ပါဝင်ကုသိုလ်ယူခဲ့တဲ့ အပြင် အလှူငွေ ကျပ်သိန်းပေါင်း လေးထောင်ကျော်ကိုလည်း လှူဒါန်းခဲ့တာပဲဖြစ်တယ်။

လေးစားအတုယူဖွယ်ကောင်းတဲ့ အလှူကြီးပဲဖြစ်ပါတယ်။ နန္ဒာလှိုင်က သူမရဲ့ဖေ့ဘွတ်မှာ သူမတို့ မိသားစုအလှူလေးကို ပရိသတ်တို့ သာဓုခေါ်နိုင်အောင် အလှူပြုနေပုံလေးတွေကို မျှဝေပေးထားတာပဲဖြစ်တယ်။

source : Nandar Hlaing’s fb