နန်းဆုရတီစိုးနဲ့ G fatt တို့ရဲ့ အချစ်ရေးကတော့ ဒီရက်ပိုင်းမှာ အတော်လေးကို လူပြောများ နေပါ တယ်။ပရိသတ်တွေ အားလုံးက တွဲနေကြတယ်လို့ ပြောပေမယ့် ကယကံရှင်တွေ ဘက်ကတော့ အခုထိ ငြင်းလည်း မငြင်းသလို၊တရားဝင် Official ၀န်ခံတာမျိုး မရှိသေးပါဘူး။ဒါပေမယ့် နှစ်ေ ယာ က် သားသီးသန့် နားလည်တဲ့ လျှို့ဝှက်စကားတွေ၊ဓါတ်ပုံတွေကိုတော့ လူမှုကွန်ရက် စာ မျက်နှာ ပေါ်မှာ တင်နေတာကို တွေ့ရပါတယ်။အခုလည်း နန်းဆု တစ်ယောက် G fatt အတွက် ကြော်ငြာ ၀င်ပေးလိုက်ပါတယ်။

အဆိုတော် နီနီခင်ဇော်ရဲ့ အယ်ဘမ်သစ် U ကို မကြာသေးခင်မှ ထွက်ရှိထားပါတယ်။အနုပညာေ လာကထဲက သူမရဲ့ အပေါင်းအသင်းမိတ်ဆွေတွေကို အခွေပေါ်မှာနာမည်သေချာရေးပေးပြီး လက်ဆောင် ပေးခဲ့ တာကို တွေ့ရပါတယ်။နန်းဆုရတီစိုးကိုလည်း နီနီက လက်ဆောင် အခွေ လေး ပေးခဲ့ပါတယ်။

နန်းဆုက နီနီပေးထားတဲ့ အခွေပုံကိုတင်ပြီး..

“Thank uနီနီ​ရေ တ​ခွေလုံးနား​ထောင်​ပြီးပြီ အရမ်း​ကောင်း???
အကြိုက်​ဆုံးနဲ့အ​ကြွေဆုံး​တွေက
အလကားပဲ?
Good kisser?
Millionaire Dollars baby ” ဆိုပြီး တင်ထားပါတယ်။

Millionaire Dollars baby ဆိုတဲ့ သီချင်းဟာ နီနီနဲ့ G fatt တို့ သီဆိုထားတဲ့ သီချင်းပါ။အဲ့ဒီ မှာပဲ သူငယ်ချင်းအပေါင်းအသင်းတွေက နန်းဆုကို အောက်က Comment တွေမှာ ၀ိုင်းစထားတာကို တွေ့ရပါတယ်။အဆိုတော်ဟိဏ်းသစ်က ဆိုရင် “ နောက်ဆုံးသီချင်းလေးကမပါ မဖြစ်ပါ” ဆိုပြီး မန့်ထားပါတယ်။နီနီကတော့ “Ma Nansu YatiSoe Brand name များသီးသန့်ဝင်ရောက်ရေးသားသည် ???? ” ဆိုပြီး မန့် တော့ နန်းဆုက ” ကြုံတုန်း​လေးပါ” ဆိုပြီး reply ပြန်ထားပါတယ်။

 

from နန်းဆုရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။