ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ ဆယ်လီစုံတွဲထဲမှာ နန်းဆုရတီစိုးနဲ့ G fatt တို့ စုံတွဲကလည်း တစ်တွဲအပါအ၀င်ပါ။ သူတို့စုံတွဲကတော့ တွဲနေပြီလို့ Official တော့ မကြေညာသေးပေမယ့် အားလုံးက သူတို့အကြောင်းကို သိနေကြတာပါ။
နန်းဆုရတီစိုးဟာ မကြာသေးခင်က “ရူးအောင်ချစ်ရသူ” ဆိုတဲ့ သီချင်းတစ်ပုဒ် ထွက်ရှိခဲ့ပါတယ်။ အဲ့ဒီသီချင်းမှာတော့ G fatt ပါဝင်သရုပ်ဆောင်ထားပါတယ်။ နန်းဆုရဲ့သီချင်းကို ပရိသတ်တွေအကြိုက်တွေ့ခဲ့ပြီး ပေါက်ခဲ့ပါတယ်။
G fatt က သူ့ရဲ့ Instagram မှာ ..”သူ့သီချင်းလေးပေါက်လို့ သူဝယ်ပေးတာ …” ဆိုပြီး ဂစ်တာ နှစ်ခုရဲ့ ပုံကို တင်ထားပါတယ်။ အားလုံးက ဒီလက်ဆောင်ကိုပေးတဲ့ သူဟာ နန်းဆုရတီစိုးပဲလို့ တစ်ထစ်ချပြောခဲ့ပါတယ်။ နန်းဆုကလည်း emoji လေးတွေ ၀င်မန့် (??????) ထားတာကို တွေ့ရပါတယ်။
နန်းဆုရတီစိုးနဲ့ G fatt ရဲ့ IG