လတ်တလောမှာ မင်းသမီး နန်းဆုဦးကတော့ အိန္ဒိယမင်းသမီးတစ်ဦးနဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား တွဲဖက်ရိုက်ကူးမယ်လို့သိရပါတယ်။ သူမဟာ သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကကို ပရိသတ်တွေဆီ မျှဝေလေ့ရှိသူပဲဖြစ်ပါတယ်။ နန်းဆုဦးဟာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်မှုကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူပဲဖြစ်ပါတယ်။

အိန္ဒိယမင်းသမီးနဲ့ ရုပ်ရှင်ရိုက်ကူးမယ့်အကြောင်းနဲ့ပတ်သက်ပြီး နန်းဆုဦးက “ညီမ ဒီလကုန်ရင်တော့ ရုပ်ရှင်ဇာတ်ကား ရိုက်ဖို့ရှိတယ်။ ရုပ်ရှင်ဇာတ်ကားအတွက်ကတော့ ဒါရိုက်တာနဲ့ အစည်းအဝေးတွေတော့ လုပ်ဖို့ရှိတယ် ။ ပြင်ဆင်နေပါပြီ။ ကိုနေတိုးနဲ့ ရိုက်ရမှာ။ မင်းသမီးကတော့ ညီမရယ်၊ အိန္ဒိယက မင်းသမီးတစ်လက်ရယ်လို့ ပြောပါတယ်။ အင်တာနေရှင်နယ်နဲ့ ဇာတ်ကားရိုက်တာ ဒါပထမဦးဆုံး ဇာတ်ကားပါပဲ။ မြန်မာနိုင်ငံမှာပဲ ရိုက်ရမှာပါ။”လို့ ပြောပါတယ်။

ဆက်လက်ပြီး “ဇာတ်လမ်းကိုလည်း သဘောကျလို့ ရိုက်ဖြစ်တာပါ ။ အဲ့မင်းသမီးကလည်း Doom 3 မှာပါတဲ့ မင်းသမီးလို့သိရတယ်။ သူ့ရဲ့ Profile တွေဘာတွေလည်း လာပြထားတာ ရှိတယ်။ ညီမအနေနဲ့လည်း မြန်မာနိုင်ငံက မင်းသမီးတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် သူ့ကို Welcome ပါ ” လို့  အင်တာဗျူးတစ်ခုမှာ ဖြေထားတာတွေ့ရပါတယ်။ 

source : Myanmar Celebrity