“ရူးအောင်ချစ်ရသူ” သီချင်းနဲ့နာမည်ကြီးခဲ့သူ အဆိုတော် နန်းစုရတီစိုး နဲ့ ဂီတလောကမှာ အောင်မြင်ကျော်ကြားနေတဲ့ ဟစ်ဟော့ အဆိုတော် G Fatt တို့ ချစ်သူစုံတွဲကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုခံရတဲ့ စုံတွဲလေးပဲဖြစ်ပါတယ်။ လတ်တလောကမှ သူတို့ချစ်သူနှစ်ယောက်က စုံတွဲလို ထင်သာစေမယ့် ဆံပင်အရောင် ဆင်တူဆိုးခဲ့ကြပါတယ်။

အခုဆိုရင်တော့ သူတို့ချစ်သူနှစ်ယောက်က မနေ့ကကျင်းပခဲ့တဲ့ Wall Street English Myanmar ရဲ့ ဖွင့်ပွဲမှာ ဖဲကြိုးဖြတ်ပေးခဲ့ကြပြီး သီချင်းတွေလည်း ဆိုပေးခဲ့တယ်လို့လည်း သိရပါတယ်။ နန်းစုက ချစ်သူ G Fatt နဲ့ အတူပွဲတွေအတူတတ်နေကြပြီပဲဖြစ်ပါတယ်။ ဒီပွဲတက်ရောက်နေပုံနဲ့ပတ်သက်ပြီး နန်းစုက “Yesterday Wall Street English grand opening party City Mall … Ribbon cutting and singing ceremony” ဆိုတဲ့ စာနဲ့အတူ ပွဲတက်ခဲ့တဲ့ပုံရိပ်လေးတွေကိုတင်ထားတာပဲဖြစ်ပါတယ်။ 

ဒီပုံတင်တာနဲ့ပတ်သက်ပြီး G Fatt က နန်းစု ကို သူတို့စုံတွဲပုံတင်ဖို့ ကျန်ခဲ့တဲ့အကြောင်းကို အခုလို comment မှာ စနောက်ခဲ့ပါသေးတယ်။ သူတို့စုံတွဲကတော့ အချင်းချင်း စနောက် ၊ ကျီစယ်နေကြလို့  ပရိသတ်တွေကြားမှာ ရေပန်းစားပြီး အားကျနေရတဲ့စုံတွဲလေးပဲဖြစ်ပါတယ်။

source : Nansu Yati Soe