ပရိသတ်တွေရဲ့ တခဲနက်အားပေးခြင်းကို ခံခဲ့ရတဲ့ “ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲထဲက ပရိသတ်တွေ ရဲ့ အချစ်တော် အောင်မင်းခန့်နဲ့ နန်းစန္ဒာလှထွန်းတို့ရဲ့ စုံတွဲပုံအသစ်လေးတွေ ထွက် ပေါ်လာ ပါတယ်။နန်းစန္ဒာလှထွန်းက သူမရဲ့ fb မှာ တင်ထားတာပါ။

? ? သတိရရဲ့လား သတိရရဲ့လားလို့ မေးချင်တယ် Double ရကောက် ကို ☺️?
ပဉ္စလက်ရွှာ မှာပျင်းလို့ မောင်နှမ နှစ်ယောက် ရန်ကုန်ကို တက်လာတာ ? … မသိဘူး တင်တယ်..” ဆိုပြီး တင်ထားတာပါ။

ပုံထဲမှာတော့ခေတ်မီမီဒီဇိုင်းဆန်းနဲ့ လှပနေကြတဲ့ သူတို့နှစ်ယောက်ကို တွေ့ရမှာပါ။သူတို့ နှစ်ဦးဟာ ပဉ္စလက်ရွာဇာတ်ကားထဲမှာ နန်းစန္ဒာလှထွန်းက “ရေ၀တီ” ဆိုတဲ့ ဇာတ်ကောင်နာမည်၊အောင်မ င်းခန့်ကတော့ “ရိုးစစ်” ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင် သရုပ်ေ ဆာင် ခဲ့တာပါ။ရေ၀တီရဲ့ ဆံရစ်ဝိုင်းနဲ့ သဘာဝကျကျ သရုပ်ဆောင်ချက်တွေက  ပရိသတ်တွေ ရဲ့ အားပေးလက်ခုပ်သံ တွေကို ရရှိစေခဲ့ပါတယ်။

မင်းသားအောင်မင်းခန့်ကတော့ MRTV 4 ရဲ့ ဇာတ်လမ်းတွဲတော်တော်များများမှာ ဇာတ်ကောင် မျိုး စုံနဲ့ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ပရိသတ်တွေရဲ့ အားပေးမှုကို အရင်တည်းက ရရှိပြီး ဖြစ်တဲ့ အနုပညာ ရှင်တစ်ယောက်ပါ။အခုနောက်ပိုင်းမှာလည်း အနုပညာ လှုပ်ရှားမှုတွေကို ဆက်တိုက် ဆောင်ရွက်နေသူပါ။

FROM နန်းစန္ဒာလှထွန်းရဲ့ FB

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။