နန်းမြတ်ဖြိုးသင်းတို့ စုံတွဲဟာ ငွေဆောင်ကမ်းခြေမှာ မင်္ဂလာမော်ကွန်းတင်လက်မှတ်ထိုးပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။ လက်မှတ်ထိုးပွဲကို ကမ်းခြေမှာ ထူးထူးခြားခြားလေး ကျင်းပခဲ့ကြတာပါ။ အဆိုတော် လွှမ်းပိုင်၊ ဘန်နီဖြိုး၊ ကျော်ထွဋ်ဆွေ၊ နန်းသူဇာ၊ Bobby Soxer တို့က ဆင်တူဝတ်စုံလေးတွေနဲ့ မင်္ဂလာပွဲကိုတက်ရောက်ပြီး ကူညီပေးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
နန်းမြတ်ဖြိုးသင်းကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး အရမ်းကို သိုသိုသိပ်သိပ်နိုင်လွန်းသူပါ။ ချစ်သူရှိနေတယ်လို့ သတင်းမထွက်၊ မသိလိုက်ရဘဲ တကယ်တရားဝင်ကြေညာပြီဆိုတော့လည်း လက်ထပ်တော့မယ်ဆိုပြီး တခါတည်းကြေညာခဲ့တာပါ။
မင်္ဂလာပွဲကတော့ (၃)ပွဲ ကျင်းပသွားမှာပါ။ လက်မှတ်ထိုးပွဲလေးကိုတော့ ပိုပြီးတော့ ရင်းရင်းနှီးနှီး၊ ထူးထူးခြားခြားလေး ဖြစ်အောင် လုပ်မယ်လို့ ပြောခဲ့တဲ့အတိုင်းပါပဲ၊ တကယ်လည်း ကမ်းခြေမှာ ထူးထူးခြားခြားလေး ကျင်းပခဲ့တာပါ။ နန်းမြတ်ဖြိုးသင်းနဲ့ သူမရဲ့ချစ်သူ မောင်တာတာမျိုးတို့ရဲ့ စုလျားရစ်ပတ် လက်ထပ်ပွဲကိုတော့ နိုဝင်ဘာ(၂၆)ရက်နေ့မှာ ဆီဒို နားမှာ ကျင်းပမယ်လို့ သိရပါတယ်။
မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကိုတော့ Naing Lin Visual Arts ဆိုတဲ့ fb စာမျက်နှာမှာ live လွင့်ခဲ့ပါတယ်။
Posted by Naing Lin Visual Arts on Wednesday, November 8, 2017
Photos from သက်ပိုင်၊အနုပညာရှင်များရဲ့ fb