(၂၀၁၇) နိုဝင်ဘာလမှာ အိမ်ထောင်ကျသွားပြီဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးချော နန်းမြတ်ဖြိုးသင်းကတော့ ကြည်နူးဖို့ကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားရသူဖြစ်ပြီး စိတ်ချမ်းသာနေတာပဲဖြစ်ပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ (၈)ရက်နေ့လေးက သူမရဲ့ ရှုတင်နားရက်လေးပဲဖြစ်ပြီး ခင်ပွန်းဖြစ်သူနဲ့အတူ ဘုရားဌာပနာအတွက် ရတနာပစ္စည်းများ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အခုလို အလှူလေးလုပ်ဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး သူမက “ဒီနေ့ ရှုတင်နားရက်လေးမှာ ဘုရားဌာပနာအတွက် ရတနာပစ္စည်းများ လှူဒါန်းခွင့်ရလို့ အရမ်းဝမ်းသာပီတိဖြစ်ရပါတယ်။ လှူဒါန်းရခြင်း ရည်ရွယ်ချက်ကိုလည်း ဘုန်းဘုန်းကမိန့်လို့ သိခွင့်ရခဲ့လို့မျှ ဝေပေးလိုက်ပါတယ်။ ဘုရားပြိုကျပျက်စီးတဲ့အခါ ဋ္ဌာပနာတိုက်အတွင်းမှ ရတနာများကိုရောင်းချ၍ ပြန်လည်ပြုပြင်နိုင်စေရန် အရိမေတ္တေယျဘုရား ပွင့်တော်မူလာချိန်တွင် ဂန္တကုဋိကျောင်းတော်ကြီး ဆောက်လုပ်ရန်အတွက် ရည်သန်လှူဒါန်းပါတယ်တဲ့…”

ဆက်လက်ပြီး သူမက “ရည်ရွယ်ချက်ကိုသိရတော့ ပိုမိုဝမ်းမြောက် ပီတိဖြစ်ရပါတယ် … (၁၀)တန်းတုန်းက (၅)ဘာသာဂုဏ်ထူးရလို့ လူကြီးတွေဆုချတဲ့ထဲက လော့ကတ်သီးတခု … မင်္ဂလာလက်ဖွဲ့ရတဲ့ထဲက လော့ကတ်သီးတခု … ကျဲကျဲကလက်စွပ်တစ်ကွင်း …မေမေတို့က လော့ကတ်တခုနဲ့ ရွှေဒင်္ဂါးပြား(၁၁)ပြား လှူဒါန်းဖြစ်ခဲ့ပါတယ်” လို့ဆိုပါတယ်။ ဒီလို အလှူလုပ်ခွင့်ရလို့ ၀မ်းသာပီတိဖြစ်နေတဲ့ နန်းမြတ်ဖြိုးသင်းဆီက အပျော်တွေ ပရိသတ်တွေဆီကိုပါ ကူးစက်သွားခဲ့ပါတယ်။

source : Nan Myat Phyo thin