အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချော နန်းမြတ်ဖြိုးသင်းက ပြီးခဲ့တဲ့ (၂၀၁၇) နိုဝင်ဘာလလောက်ကမှ ပူပူနွေးနွေး အိမ်ထောင်ကျထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်တယ်။ နန်းမြတ်ဟာ သူမရဲ့အမျိုးသားကို လက်ထပ်ခါနီးမှ မိတ်ဆက်ပြသခဲ့လို့ ပရိသတ်တော်တော်များများက အံ့အားသင့်ခဲ့ကြပါတယ်။

နန်းမြတ်ဖြိုးသင်းတို့ စုံတွဲဟာ  Pre wedding ဓာတ်ပုံတွေကို နိုင်ငံခြားမှာ သွားရောက်ပြီး ပုံဖော်ရိုက်ကူးထားတာဖြစ်လို့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ သူမရဲ့ ဓာတ်ပုံလက်ရာတွေကလည်း သေသပ်ကောင်းမွန်ပြီး၊ အားကျဖွယ်ရာပါပဲ။

အခုလည်း နန်းမြတ်တစ်ယောက်ကတော့ သူမတင်ခဲ့တဲ့ ဓာတ်ပုံထဲမှာ ထူးခြားချက် ဘာဖြစ်နိုင်မလဲဆိုတာ ပရိသတ်တွေကို ပဟေဠိဆန်ဆန်  ရှာခိုင်းခဲ့ပါတယ်။ တကယ်တော့ သူမရဲ့ဓာတ်ပုံထဲမှာ ထူးခြားနေတဲ့ ထူးခြားချက်ကတော့ ဆံပင်တွေကို တိုတိုကပ်ကပ်လေး ညှပ်လိုက်တာပဲဖြစ်ပါတယ်။

ဆံပင်အတို ကပ်ကပ်လေးနဲ့လှနေ၊ ချစ်စရာကောင်းနေပြန်တဲ့ နန်းမြတ်ရဲ့အလှပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ နန်းမြတ်ကတော့ သာယာ၊ အေးချမ်းတဲ့ အိမ်ထောင်ရေးကိုလည်း ပိုင်ဆိုင်ထားပြီး (၂၀၁၈)တစ်နှစ်လုံး ပရိသတ်တွေကို အပြည့်အ၀ ပေးဆပ်ချင်တာမို့ အနုပညာအလုပ်တွေကိုပဲ ဆက်တိုက်လုပ်ကိုင်ဖြစ်မယ်လို့လည်းဆိုပါတယ်။

သူမက ဆံပင်အတိုညှပ်တဲ့ အမှတ်တရအနေနဲ့လည်း “ဒမ်ဒီးဒီးဟာဟေး ဒမ်ဒီးဒီးဟေး ထူးခြားချက်ကိုရှာပါ ဟိဟိ” ဆိုပြီး ပုံလေးတွေကို တင်ထားတာပဲဖြစ်ပါတယ်။ နန်းမြတ်ကတော့ ဆံပင်အတိုလေးနဲ့လည်း တစ်မျိုးလေး လှနေပြန်ပါတယ်။

source : Nann Myat Phyo Thinn’s fb