ပရိသတ်တွေကြားမှာ မျိုးကိုကိုစန်းက ချစ်စရာကောင်းတဲ့အလှနဲ့ ဖြူစင်ရိုးသားပြီး ပွင့်လင်းလွန်းတဲ့ အပြုအမှုတွေကြောင့် နာမည်ကြီး ရေပန်းစားနေသူလည်းဖြစ်ပါတယ်။ သူမကို ချစ်တဲ့ပရိသတ်တွေက သူမကို “ကိုကို” လို့ခေါ်ပြီး ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အ၀ လက်ခံရရှိနေသူလည်းဖြစ်ပါတယ်။

ဒီနေ့ Valentine Day မှာတော့ ကိုကိုဟာ ခြေထောက် မသန်စွမ်းသူတစ်ဦးကို ချောကလက်၊ နှင်းဆီပန်းနဲ့ ပိုက်ဆံ (၅၀၀၀) ကို ပေးခဲ့တယ်လို့သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကိုကိုက သူမရဲ့ဖေ့ဘွတ်အကောင့်မှာ အခုလို ရေးသားထားတောတွေ့ရပါတယ်။

“ဒါ ကိုယ့်ရဲ့ Valentine Gift ရသွားတဲ့သူပေါ့ ခြေထောက်မသန်တဲ့ လူကြီး ချောကလက်တွေ ငေးကြည့်နေတာ ပိုက်ဆံ ၅၀၀၀ ရယ် ချောကလက်ရယ် နှင်းဆီပန်းလေးရယ် သူလည်း အပေးခံသင့်တာပေါ့နော် တော်တော်ပျော်သွားရှာတယ် ” လို့ဆိုခဲ့ပါတယ်။

အလှူလည်းလုပ်ရာရောက်လို့ ကိုကိုကလည်း ပီတီတွေဖြာနေသလို ကိုကိုရဲ့ပရိသတ်တွေကိုလည်း အပျော်တွေကူးစက်နေခဲ့ပါတယ်။ မျက်နှာလေးကလည်း ချစ်ဖို့ကောင်းသလို စိတ်ထားကလည်း မွန်မြတ်တဲ့သူမကို ပရိသတ်တွေကလည်း အချစ်ပိုနေခဲ့ကြတာ မဆန်းပါဘူး။

source : Myo Koko San