ပရိသတ်တွေက ဂျင်းကောင် ဆိုပြီး ချစ်စနိုးခေါ်တဲ့ မင်းသားမြင့်မြတ်ကတော့ လက်တလောမှာ တရုတ်ပြည်ကို အလည် ရောက်နေပါတယ်။ တရုတ်နိုင်ငံက နာမည်ကြီး ရင်ချန်းမှန်တံတားပေါ်ကို အလည်သွားခဲ့ပြီး ဓါတ်ပုံတွေ ရိုက်ကူးခဲ့တာကို တွေ့ရပါတယ်။

မြင့်မြတ်ကတော့ အနု၊အကြမ်း၊အရမ်း စွယ်စုံရတဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ပါ။ ပရိသတ်အချစ်တော် မင်းသားမြင့်မြတ်ကတော့ မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ (၂၀၁၇)အကယ်ဒမီထူးချွန်ဆုပေးပွဲ အခမ်းအနားမှာ ” အမှောင်တွေရွာချတဲ့ မိုးတိမ်” ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ဆွတ်ခူးထားသူပါ။

လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်လျက်ရှိပြီး တလောတုန်းကလည်း “ဂျင်းကောင် ” ဇာတ် ကားကို မအေးသောင်းနဲ့ အတူ ရိုက်ကူးခဲ့တာကိုတွေ့ရပါတယ်။

from မြင့်မြတ်ရဲ့ fb