ရုပ်ရှင်သရုပ်ဆောင်မင်းသား မြင့်မြတ်နဲ့ သူ့ရဲ့ ဇနီးချောလေး ခင်သူအောင်တို့ကတော့ ဘန်ကောက် ကို ရောက်နေပါတယ်။

ဒီဇင်ဘာ (၂၃)တည်းက မန္တလေးကနေ ရန်ကုန်၊ ရန်ကုန်ကနေမှ ဘန်ကောက်ကို ခရီးသွားနေတယ်လို့ မြင့်မြတ်ရဲ့ တပည့်ကျော် ကိုမြတ်ဝေထွန်းက သူ့ရဲ့ fb မှာ တင်ထားပါတယ်။

ဘန်ကောက်ရောက်နေတဲ့ ပုံကိုတော့ (၂၇)ရက်နေ့ကမှ တင်ထားတာပါ။ ခရီးကတော့ အပျော်ခရီးထက် အလုပ်ခရီးဖြစ်ဖို့ များပါတယ်။

မြင့်မြတ်တို့ဇနီးမောင်နှံတင်မဟုတ်ဘဲ ဘန်ကောက်ခရီးစဉ်မှာ ဒါရိုက်တာ ပြည်ဟိန်းသီဟ၊ မော်ဒယ်မင်းသား လင်းထက်အောင်ပါ လိုက်ပါသွားတာကို တွေ့ရပါတယ်။

from မြတ်ဝေထွန်းရဲ့ fb