မင်းသားမြင့်မြတ်ကတော့ ကလောမှာ“ဒယ်ဒီဖားကင်” ဆိုတဲ့ ဇာတ်ကား သွားရောက်ရိုက်ကူးနေပါတယ်။ ကလောမှာ ဇာတ်ကားရိုက်နေတဲ့ မြင့်မြတ်နဲ့အတူ သူ့ရဲ့ ချစ်ဇနီးချောလေးလည်း အတူလိုက်ပါခဲ့တာကို တွေ့ရပါတယ်။ ဇနီးချောချောလေးကိုရထားတဲ့ အနုပညာရှင်အမျိုးသားတွေထဲမှာ မြင့်မြတ်ကလည်း တစ်ယောက်အပါအ၀င်ပါ။

ဒီကားရဲ့ ဒါရိုက်တာကတော့  နေပိုင် ပါ။ မြင့်မြတ်၊ အိချောပို၊ ရဲအောင်၊ လွင်မိုး၊ အရိုင်း၊ ဇော်ဝင်းနိုင်၊ ငှက်ပျောကြော်၊ဦးပေါ်လေး၊ ဇော်ဇော်အောင်၊ အောင်ဇော်မင်း၊ ပွင့်၊ ကြူကြူသင်း၊ မျိုးမျိုးခိုင်၊ ကေညီ၊ စွမ်းထက် အစရှိတဲ့ သရုပ်ဆောင်တွေ အများကြီးပါဝင်ထားတယ်လို့ သိရပါတယ်။

မင်းသားမြင့်မြတ်ပါဝင်ထားတဲ့ ရုပ်ရှင်ကားတွေလည်း တောက်လျောက်ရုံတင်ပြသနေပြီး တလောကလည်း မင်းသမီးအိချောပိုနဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ “အမည်ပေါက်နှင့်ကျူး” ဆိုတဲ့ ဇာတ်ကားကိုလည်း ရုံတင်ပြသခဲ့ပါတယ်။

from Myat Wai Tun၊အနုပညာရှင်များရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။