ပရိသတ်တွေ ရယ်မောပျော်ရွင်စေဖို့အတွက် “ကောလိပ်ဂျပိုး”ဟာသရုပ်ရှင် ဇာတ်ကားကြီးကိုတော့ ဇန်န၀ါရီ (၂)ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကို ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး)က ရိုက်ကူးပုံဖော်ထားပြီး ဆရာဇ၀နရဲ့ “ကောလိပ်ဂျပိုး”၀တ္ထုကို အခြေခံရိုက်ကူးထားတဲ့ ကျောင်းသားဟာသ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

ဒီဇာတ်ကားမှာတော့ အမြဲတမ်း ချောက်တွန်းခံရတဲ့ “ကိုသိန်းဖေ”အဖြစ် မြင့်မြတ်နဲ့ “မအေးစိန်”အဖြစ် ၀တ်မှုံရွှေရည် တို့က အဓိကသရုပ်ဆောင်ထားပြီး ခင်လှိုင်၊ နေနော်နဲ့ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ ကျောင်းသားဘ၀ရဲ့ ဖြစ်ပျက်ခဲ့တဲ့အလွဲတွေကို ဟာသအဖြစ် ကြည့်ရှုရမှာပါ။

ကောလိပ်ဂျပိုး ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Trailer ကြည့်ချင်တဲ့ ပရိသတ်တွေအတွက်လည်း ဗီဒီယိုဖိုင်လေး မျှဝေပေးထားပါတယ်။

ကဲ …ချစ်ပရိသတ်တို့ မျှော်လင့်စောင်စားနေတဲ့ကောလိပ်ဂျပိုး ကတော့ ပရိသတ်ကြီးကိုပျော်ရွှင်စေဖို့9.2.2018 မှာ မြန်မာနိုင်ငံတဝှမ်းလုံးရှိ ရုပ်ရှင်ရုံများတွင်ပြသတော့မည်ဖြစ်ကြောင်း..ကြော်ငြာနမူနာလေးရှုစားလို့ စောင့်မျှော်နိုင်ပါပြီး

Posted by ကောလိပ်ဂျပိုး on Saturday, January 13, 2018

source : ကောလိပ်ဂျပိုး fb page