မင်းသားမြင့်မြတ်ကတော့ လက်တလောမှာ ကလောမြို့မှာ ဇာတ်ကားရိုက်ကူးနေပါတယ်။မြင့်မြတ်ကတော့ သူရဲ့ ခွေးလေးကို အရမ်းကိုချစ်ပုံရပါတယ်။ကလောကို ရောက်နေတော့ ချမ်းလို့ သူ့ခွေးလေး မချမ်းရအောင် အမိုက်စား အနွေးထည်လေးကို ၀တ်ေ ပးထားပါတယ်။ဒီခွေးလေးကို ဘယ်သွားသွားခေါ်သွားတယ်လို့ လည်း သိရပါတယ်။

ကိုကေညီ က တော့ မြင့်မြတ်က သူ့ရဲ့ အချစ်တော် ၀ုတ်ကောင်လေးကို ဆင်ထားတဲ့ ဒီဇိုင်းက လန်းလွန်း လို့ လိုက်မမီပါဘူးလို့ fb မှာ ခုလို ဖွင့်ဟထားပါတယ်။

“ဂျင်းကောင် အရမ်းချစ်တဲ့ ဝုတ်ကောင်လေးကို ခလေးတစ်ယောက်လိုအမြဲဂရုတစိုက်ဘယ်သွားသွားခေါ် သွားလေ့ရှိတယ်✌️အခုလည်း ကလောရောက်နေတုန်း မနက်ပိုင်းအေးလို့ သူ့အချစ်လေးကို နွေးအောင် ဆင်ထားတဲ့အကျီ င်္ဒီဇိုင်းက လန်းလွန်းလို့ လိုက်ကိုမမှီပါဘူးဗျာ?ဖားကင် ရိုက်ကွင်းမသွားခင် ကလောမြို့ အမှတ်တရ ဗိုလ်ကြီးနှစ်ယောက်နဲ့ဝုတ်ကောင်….” ဆိုပြီး တင်ထားပါတယ်။

သူတို့နှစ်ယောက် အခုရိုက်နေတဲ့ ဇာတ်ကားကတော့ “ဒယ်ဒီဖားကင်” ဆိုတဲ့ ဇာတ်ကားပါ။ဒါရိုက်တာ ကတော့ နေပိုင် ပါ။မြင့်မြတ်၊အိချောပို၊ရဲအောင်၊လွင်မိုး၊အရိုင်း၊ဇော်ဝင်းနိုင်၊ငှက်ပျောကြော်၊ဦးပေါ်လေး၊ဇော်ဇော်အောင်၊အောင်ဇော်မင်း၊ပွင့်၊ကြူကြူသင်း၊မျိုးမျိုးခိုင်၊ကေညီ၊စွမ်းထက် အစရှိတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားတယ်လို့ သိရပါတယ်။

from ကေညီရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။