နိုင်ငံကော်ျ မင်းသားလည်းဖြစ်ပြီး ပရိသတ်တွေရဲ့ “ဂျင်းကောင်”မင်းသားချော မြင့်မြတ်ကတော့ အခုလက်ရှိမှာ သူဟာ ဖခင်ရာထူးကို ရတော့မှာမို့ အရမ်းကို ပျော်နေတယ်လို့ သိရပါတယ်။ မြင့်မြတ်ဟာ သဘာဝကျကျ သရုပ်ဆောင်တတ်ရုံသာမက ဂျင်းကောင်ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ပရိသတ်တွေရဲ့ အချစ်ကို ရရှိပိုင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

မင်းသား မြင့်မြတ်က “အစက မိန်းမကိုယ်ဝန်ရှိနေမှန်း မသိခဲ့ဘူး ၊ နေမကောင်းဖြစ်တဲ့အချိန် ဆရာဝန်ခေါ်ပြပြီးတော့မှ ကိုယ်ဝန်ရှိနေမှန်းသိခဲ့ရတယ်” လို့ ဆိုပါတယ်။ သူ့ဇနီးရဲ့ ကိုယ်ဝန်ကတော့ (၂)လရှိနေ ပြီဖြစ်ပြီး ကလေးက နှလုံးခုန်စပဲ ရှိနေသေးပါတယ်။

 

မြင့်မြတ်တစ်ယောက်ကတော့ သားလေးလိုချင်နေတယ်လို့ သိရပြီး၊ သူရဲ့ဇနီးဖြစ်သူ အားလျန်ကတော့ သမီးလေး ရချင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် မွေးလာတဲ့ကလေးက ဘာလေးပဲဖြစ်ဖြစ် ကိုယ့်ရင်သွေးမို့လို့ ချစ်ရမှာပါပဲလို့ မင်းသား မြင့်မြတ်က ထပ်မံပြောခဲ့ပါတယ်။

ဇနီးမောင်နှံနှစ်ယောက်ကလည်း ကလေးနှစ်ယောက်လောက် ယူဖြစ်မယ်လို့လည်း စဉ်းစားထားတယ်လို့သိရပါတယ်။ မြင့်မြတ်က သူတို့ဇနီးမောင်နှံကို ကလေးရစေချင်တဲ့ ပရိသတ်တွေရှိနေတာကြောင့် သူတို့ဆန္ဒအတိုင်း ရင်သွေးလေးရနေပြီလို့လည်း ဆိုပါတယ်။

source : Myanmar Celebrity