ပရိတ်သတ်တွေအားလုံးစောင့်မျှော်နေကြတဲ့ “ပက်ပက်စက်စက်ညို့” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ celebrity show ကိုတော့ဒီကနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ တာမွေမြို့မှာရှိတဲ့ Mega Aceမှာ ပြုလုပ်ကျင်းပခဲ့ ပြီး အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။
“ပက်ပက်စက်စက်ညို့” ရုပ်ရှင်ဇာတ်ကားကြီး မှာတော့ အဓိက သရုပ်ဆောင်တွေအဖြစ် နေတိုး၊ မိုးစက်ဝိုင်၊ရွှေထူးတို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။
ဒီရုပ်ရှင်ကားကြီးကိုတော့ နိုဝင်ဘာလ ၁၇ရက်နေ့မှာ စပြီးတော့ တစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများမှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။
Source: ပက်ပက်စက်စက်ညို့ facebook