Myanmar Idol အဆိုပြိုင်ပွဲဟာလည်း နာမည်ကြီးအဆိုပြိုင်ပွဲတွေ အများကြီးထဲက တစ်ခုအပါအ၀င်ပါ။လူစိတ်ဝင်စား ခံရမှု အများဆုံး အဆိုပြိုင်ပွဲကြီးလို့ ပြောလို့ရပါတယ်။ Season တွေ ဆက်တိုက် တရစပ် ကျင်းပတဲ့ ပြိုင် ပွဲ မျိုး မဟုတ်ပဲ Season တစ်ခုနဲ့တစ်ခုကြား အချိန်အတော်ကြားနားပြီး မှ နောက် Season ကို ကျင်းပတာပါ။မကြာခင်မှာ Season 3 ကို ကျင်းပတော့မှာပါ။

ပထမဆုံး ကျင်းပတဲ့ Season 1 မှာတော့ ဒိုင်အဖြစ် အဆိုတော် မေဆွိ၊ချမ်းချမ်းနဲ့ရဲလေးတို့ က ပါဝင်ဆောင်ရွက် ခဲ့ပါ တယ်။Season 1 တည်းက လူကြိုက်များခဲ့ပြီး Season 2 မှာ တော့ အရင် Season ထက်တောင် ပိုပြီး လူကြိုက် များ အောင်မြင်ခဲ့တာကို တွေ့ရပါတယ်။Season 2 ဒိုင်တွေကတော့ မြန်မာပြည်သိန်းတန်၊မေဆွိ၊တင်ဇာမော် တို့က ပါဝင် ဆောင်ရွက်ပေးခဲ့တာပါ။အခု လာမယ့် Season မှာတော့ ဘယ်သူတွေက ဒိုင်အဖြစ် ပါဝင် ပေးမလဲ ဆိုတာကို အားလုံးက စိတ်ဝင်စားနေကြပါတယ်။

ဒီအစီအစဉ်နဲ့အတူ တင်ဆက်သူ အစီအစဉ်မှုး ကျော်ထက်အောင်လည်း နာမည်ကြီးခဲ့ပြီး အခုဆိုရင်တော့ အနုပညာ လောကထဲမှာပါ နေရာတစ်နေရာရလာတာကို တွေ့ရပါတယ်။သူ့ရဲ့ စကားပြောဟန်၊သူပြောတဲ့ စကားလုံး တွေကလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အရမ်းကိုနာမည်ကြီးခဲ့ပါတယ်။လာမယ့် အစီအစဉ်မှာလည်း ကျော်ထက် အောင်ကိုပဲ အစီအစဉ်တင်ဆက်သူ၊Season 2 က ဒိုင်တွေကိုပဲ ပြန်မြင်တွေ့နိုင်ဖို့ပရိသတ်တွေက မျှော်လင့်နေ ကြပါတယ်။

Voting စနစ်၊ပရိသတ်ပေးတဲ့ မဲအရေအတွက် စနစ်နဲ့ပဲ နောက်ဆုံး အနိုင်ရရှိသူကို ဆုံးဖြတ်တာပါ။အရင် ပထမ Season မှာတော့  Winner က စောလာထော်ဝါး ၊ ဒုတိယ Season မှာတော့သားငယ်က winner ဖြစ်ခဲ့ပါတယ်။

from myanmar idol ‘s fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။