ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင် နေကြတဲ့ အနုပညာရှင်တွေ အများကြီး ရှိပါတယ်။ကိုယ် တက်နိုင် သ လောက် တက်နိုင်တဲ့ နေရာ က နေ ပါဝင် ပေးနေတဲ့ သူတွေ လည်းရှိသလို အဖွဲ့အစည်း တစ်ခု အဖြစ် ပါ ရပ်တည် ပြီး ကူညီ ပေးနေကြတဲ့ သူတွေ လည်း အများကြီးရှိပါတယ်။အဲ့ဒီအထဲကမှ နာမည်ကြီး ပရဟိတ အနုပညာရှင် တစ်ချို့ကို ဖော်ပြ ပေးချင်ပါတယ်။

ဦးကျော်သူ

Image:Fb/U Kyaw Thu

ဦးကျော်သူက တော့ လူတိုင်း လေးစားအားကျရတဲ့ အနုပညာရှင် ပရဟိတ သမားတစ်ယောက်ပါ။နာရေး ကူညီမှု အသင်း ရန်ကုန်ရဲ့ မွန်မြတ်တဲ့ ပရဟိတ အလုပ်တွေ တိုင်းမှာ ဦးကျော်သူ ကိုယ်တိုင်ပါ အမြဲ တမ်း လိုလို ပါဝင် ကူညီ ပေးဖြစ်နေသူပါ။နာရေး ကူညီမှု အသင်း ရန်ကုန် က တော့ နာရေး ကိစ္စ တစ်ခုတည်း တင် မဟုတ်ပဲ သ ဘာဝ ဘေးအန္တရာယ်၊အရေးပေါ် အ ခြေအ နေ နဲ့ ကြုံလာရရင်လည်း ကူညီ ပေးနေတဲ့ အဖွဲ့ ပါ။ဦး ကျော်သူက တော့ ဘာသာရေး လည်း အရမ်းလိုက်စားတဲ့ သူတစ်ယောက်ပါ။ပရဟိတ သူရဲ ကောင်း တစ်ယောက် အဖြစ် နဲ့ အားလုံးက အသိအမှတ်ပြု ထားသူပါ။

တစ်ယောက်တည်းလားမေးတော့… ကိုယ်တစ်ယောက်ထဲပါ။ဟိုအရင်က အတူစား၊အတူသွား၊အတူပျော်၊အတူ နာကူလုပ်၊အတူ အဓိဋ္ဌာန်ဝင်၊အတူ…

Posted by Kyaw Thu on Friday, September 18, 2020

ခိုင်နှင်းဝေ

Image:fb/Khine Hnin Wai

မင်းသမီးချော ခိုင်နှင်းဝေ က တော့ မိဘ မဲ့ က လေးတွေကို ကူညီ စောင့်ရှောက် ပေးနေတာပါ။ “ ခိုင် နှင်းဝေ ရင်သွေးများ ဂေဟာ.” ဆိုပြီး မေတ္တာ ငတ် နေတဲ့ မိဘမဲ့၊မိဘ စွန့်ပစ်ခံထားရတဲ့ က လေးလေး တွေကို သူမရဲ့ သားသမီးရင်းနဲ့ မခြား မိခင် တစ်ယောက် လို စောင့်ရှောက် ပေးနေတာပါ။ခိုင်နှင်းဝေ က တော့ က လေး တွေကို စောင့်ရှောက်တဲ့ အပြင် တခြား အကူအညီ လိုအပ်တဲ့ သူတွေကိုလည်း ကြုံရင် ကြုံသလို လှူဒါန်း မှု တွေ ပြုလုပ် ပေးနေသူပါ။

တေးသံရှင် ညီမလေး နီနီခင်ဇော် က မွေးနေ့အကြို အလှူအနေနဲ့ ကျမ ကလေးတွေကို အလှူငွေ ၁၀သိန်း လာရောက်လှူပေးပါတယ်ရှင်..ကလေးတွေ…

Posted by Khine Hnin Wai on Sunday, August 30, 2020

 

ပြေတီဦး နဲ့ အူဝဲ

Image:Fb/Pyay ti oo

ပြေတီဦး ဖောင်ဒေးရှင်းဆိုပြီး ထူထောင် ထားပါတယ်။ဒီအဖွဲ့ အစည်းက တော့ ပညာရေး အတွက် အဓိက ဖွဲ့ စည်း ထားတဲ့ အဖွဲ့ အစည်းပါ။ပညာဆက်လက် သင်ကြားဖို့ အခက်အခဲ ဖြစ်နေတဲ့ သူတွေ အတွက် ထောက်ပံ့ ကူ ညီ ပေးဖို့ ဖွဲ့ ထားတဲ့ အဖွဲ့ အစည်းပါ။ပညာရေး အဓိက ဆိုပေမယ့်လည်း တခြားလိုအပ် တဲ့ နေရာ တွေ အတွက် လည်း ကူညီ လှူဒါန်း ပေးမှုတွေ ပြုလုပ် ပေး နေတာကို တွေ့ရပါတယ်။ကိုဗစ် အရေး မှာ လည်း ပြေ တီဦး ဖောင်ဒေးရှင်းက ရော ပြေတီဦးနဲ့ အူဝဲ မိသားစု က ရော ကူညီလှူဒါန်းမှုတွေ ပြုလုပ် ပေးခဲ့ပါတယ်။

"​ေ​ြပတီဦးပညာရေးဖောင်ဒေးရှင်း”အဖွဲ့ဝင်များမှရခိုင်ပြည်နယ်ရှိ အိမ်ထောင်စု (၁၅၀)အတွက် Food Package…

Posted by Eaindra Kyaw Zin on Sunday, September 6, 2020

ဝေဠုကျော်

Image:fb/wai lu kyaw

ဝေဠုကျော်ဖောင်ဒေးရှင်း ကို ထူထောင်ထားပါတယ်။သဘာဝ ဘေးအန္တရာယ်အ ရေး မှာရော တခြား လိုအပ်တဲ့ နေရာ တွေမှာပါ ကူညီပေးနေတာပါ။ ဝေဠုကျော် ကိုယ်တိုင် ကလည်း ရေ ဘေး ဆိုရင် လည်း ကိုယ်တိုင် ပါဝင် ကူညီ ပေးခဲ့သလို လက်ရှိ ဖြစ်နေတဲ့ ကိုဗစ်အ ရေးမှာပါ သူတို့တက်နိုင် သ လောက် ပါဝင် ကူညီ ပေးနေသူပါ။

#၆လတိတိရှိခဲ့ပြီ ​ကျွန်​တော်တို​.တွေ ကိုဗစ် ကာကွယ်ထိန်းချုပ်​ရေးအတွက် တိုင်းကျမ်းမာ​ရေးရဲ ကွပ်ကဲမှု့နဲ့အတူ နိုင်သ၍…

Posted by Wai Lu Kyaw on Thursday, September 24, 2020

ချစ်သုဝေနဲ့ လင်းလင်း

Image:Fb/chit thu wai

သူတို့ နှစ်ယောက်က တော့ ခေတ်နဲ့ သစ် ဖောင် ဒေးရှင်းဆိုပြီး သမီးလေးတွေရဲ့ နာမည်နဲ့ ဖောင် ဒေးရှင်း ထူထောင် ထားပါတယ်။ဒီ ဖောင်ဒေးရှင်းက တော့ ကျန်းမာရေး နဲ့ ပညာရေးကို အဓိက ကူညီ ထောက်ပံ့ ပေး နေတဲ့ အဖွဲ့ အစည်းပါ။က လေးသူငယ်တွေ ကျန်းမာရေး မ ကောင်းတဲ့ အခါ ဆေးကု ဖို့ မတက် နိုင် ရင် ခေတ် သစ် ဖောင်ဒေးရှင်းက ကူညီ ပေးခဲ့ပါတယ်။လက်ရှိမှာတော့ ခေတ်နဲ့ သစ် ဖောင် ဒေးရှင်းက ကိုဗစ် အ ရေး မှာ ဘက် ပေါင်းစုံက နေ ကူညီ ဆောင်ရွက် ပေးနေပါတယ်။

အနောက်ပိုင်းဆေးရုံသို့ယာယီ Tent လှူဒါန်းခြင်းလတ်တလောလိုအပ်ချက်အရ လူနာများထားနိုင်ဖို့ အနောက်ပိုင်းဆေးရုံအတွင်း၌ ယာယီ…

Posted by ခေတ်သစ်ဖောင်ဒေးရှင်း on Friday, September 25, 2020

#CELENOW