တိုးတက်လာပြီဖြစ်တဲ့ မြန်မာ့ရုပ်ရှင်လောကရဲ့ အကယ်ဒမီပေးပွဲဟာဆိုရင် အရည်အချင်ြး်ပည့်ဝတဲ့ သရုပ်ဆောင်တွေကို ရွေးချယ်ပြီး ထူးချွန်ဆုပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။ အရင်က အကယ်ဒမီဆုပေါင်း (၁၁)ဆုကို ချီးမြင့်ခဲ့ပေမယ့် ဒီနှစ်ကနေစပြီး နောက်ထပ်ဆုအသစ်အနေနဲ့ “ရုပ်ရှင်တစ်သက်တာ ဂုဏ်ထူးဆောင်” ဆုဆိုပြီး ထပ်တိုးသွားခဲ့ပါတယ်။ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေဟာ  နောက်တိုးတဲ့ဆုကိုပေးဖို့အတွက် အဆိုတင်သွင်းလာတာတွေရှိတာကြောင့် ပေးအပ်ဖို့ဆုံးဖြတ်ချက်ချလိုက်တာပဲဖြစ်ပါတယ်။

ဒီဆုနဲ့ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးဥက္ကဌ အကယ်ဒမီဦးဇင်ဝိုင်းက အင်တာဗျုးတစ်ခုမှာ ဖြေကြားခဲ့တာပဲဖြစ်ပါတယ်။ ဒီဆုကို ပိုင်ဆိုင်ရမယ့်သူတွေအနေနဲ့ ရုပ်ရှင်လောကထဲမှာ ရှိသင့်တဲ့လုပ်သက်၊ ရုပ်ရှင်လောကအတွက် ပံ့ပိုးပေးနိုင်သူဖြစ်ရမယ် စတဲ့သတ်မှတ်ချက်အချို့နဲ့ စည်းကမ်းချက်အချို့ရှိပါတယ်။ ဒီ”ရုပ်ရှင်တစ်သက်တာ ဂုဏ်ထူးဆောင်” ဆုကို ပေးအပ်ခြင်းခံရတဲ့ အရည်အချင်းရှိ အနုပညာရှင်အနေနဲ့ ရွှေစင်ကြယ် (၅)ကျပ်သားပါဝင်တဲ့အကယ်ဒမီရွှေစင်ရုပ်ထုအပြင် တစ်သက်တာအနေနဲ့ တစ်လကို ဂုဏ်ပြုငွေ (၅)သိန်းကျပ် ရရှိမှာပဲဖြစ်ပါတယ်။

ဒီဆုကိုထပ်တိုးလိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျန်းမာရေးချိုတဲ့ပြီး စီးပွားရေးမလုပ်နိုင်တော့တဲ့ အသက်အရွယ်ကြီးရင့်သူ အနုပညာလောကသားအတွက် ငွေကြေးအဆင်ပြေသွားတဲ့အတိုင်းအတာထိ ရောက်ရှိနိုင်တာကြောင့် အလှူတစ်ခုလို့လည်း သတ်မှတ်လို့ရပါတယ်။ ဒီဆုကတော့ (၂၀၁၂) ကတည်းက ဆုသက်သက်အနေနဲ့ပဲ ချီးမြှင့်ခဲ့တာဖြစ်ပြီး ဒီနှစ်မှသာ ထူးချွန်ဆုအဖြစ် တခမ်းတနားပေးအပ်မှာဖြစ်တယ်လို့သိရပါတယ်။

source : Myanmar Celebrity