ပြည်သူချစ်သရုပ်ဆောင်၊အဆိုတော်တစ်ဦးဖြစ်တဲ့ ရဲလေးဟာ ၂၀၁၇ ဒီဇင်ဘာလ ၂ရက်နေ့က ” My World My Fans My Show” ဖျော်ဖြေပွဲကြီးကို ပြည်သူ့ဥယျာဉ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပရိသတ်တွေလည်း အပြည့်အလျှံလာရောက် အားပေးခဲ့ကြပါတယ်။

ဒီပွဲမှာတော့ ရဲလေးနဲ့ အတူတွဲဖက်သီဆိုနေကြဖြစ်တဲ့ အနုပညာရှင်တွေအပြင် Myanmar Idol ကအဆိုရှင်များလည်း လာရောက်ဖျော်ဖြေခဲ့ကြပါတယ်။

“သတိရရင် နောက်တစ်ပွဲမှာ ထပ်အားပေးပါ”လို့ ရဲလေးက သူရဲ့ ဖေ့စ်ဘုတ်မှာ ပရိသတ်တွေနဲ့ ကူညီတဲ့ သူတွေကို ကျေးဇူးတင်ကြောင်းရေးရင်း ပြောထားပါသေးတယ်။

Source: Ye Tun Min

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။