Galaxy Star သီချင်းဆိုပြိုင်ပွဲမှတဆင့် ပရိသတ်သိတဲ့ အဆိုရှင်တစ်ဦးဖြစ်လာတဲ့ Adam Oo ဟာ သီချင်းဗီဒီယို တစ်ခုကို ရိုက်ကူးနေပြီးတော့ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Adam Oo ရဲ့ သီချင်းဗီဒီယိုမှာ ပါဝင်မယ့် ပုံရိပ်လေးတွေကိုတော့ JBJ Entertainment ဖေစ့်ဘုတ်ပေ့ဂ်ျ ကနေ ပရိသတ်တွေ အတွက် တင်ပေးထားတာဖြစ်ပါတယ်။

Adam Ooဟာ ၂၀၁၇ ဒီဇင်ဘာလ ၁၈ရက် ကနေ ၂၀၁၈  ဇန်န၀ါရီ ၂၃ ရက်နေ့ အထိကျင်းပမယ့် Galaxy Music Tour မှာလည်း Kriz , Myo Myat , Marco တို့နဲ့အတူ ပါဝင်ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

Source: JBJ Entertainment facebook

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။