ခရစ်စတီးနားခီနဲ့ ဇဏ်ခီတို့ ဇနီးမောင်နှံကတော့ “ဥပါယ်တံမျဉ်” ဆိုတဲ့ ရုပ်ရှင်ကားနဲ့ မြန်မာပရိသတ်တွေရဲ့ တခဲနက် အားပေးဝန်းရံမှုကို ရရှိခဲ့တဲ့ အနုပညာရှင်နှစ်ယောက်ပါ။ မြန်မာ့ရုပ်ရှင်လောကကို တိုးတက်ပြောင်းလဲစေမယ့် မျှော်လင့်ချက် အလင်းရောင်ဆိုပြီး မီဒီယာတွေရဲ့ တင်စားဖော်ကျူးခြင်းကိုခံရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ခီမောင်နှံ နာမည်ကြီး အောင်မြင်လာမှုနဲ့အတူ အနုပညာလောကထဲမှာ တစ်ချို့ကိစ္စလေးတွေအတွက် ဂယက်ထမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။ “ဥပါယ်တံမျဉ်” နဲ့ အောင်မြင်မှုရခဲ့တဲ့ ခီမောင်နှံရဲ့ ဒုတိယမြောက် ရုံတင်ဇာတ်ကားကတော့ “မုဒြာ ရဲ့ခေါ်သံ” ဖြစ်ပြီး အဲ့ဒီဇာတ်ကားနဲ့ပဲ အောင်မြင်မှတ်တိုင်ကို ဆင့်ကဲ စိုက်ထူနိုင်ခဲ့ပါတယ်။

မြန်မာပြည်ရဲ့ အလှအပတွေကိုပါ အထင်းသားတွေ့မြင်နေရတဲ့ အင်္ဂလိပ်စကားပြော၊ မြန်မာ ဇာတ်ကား “Mudras Calling(မုဒြာရဲ့ခေါ်သံ)” ကိုတော့ ဒါရိုက်တာ ခရစ်စတီးနားခီက ရိုက်ကူးပြီး ဇဏ်ခီနဲ့ လှယဉ်ကျေးတို့က အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။ မုဒြာရဲ့ခေါ်သံကိုတော့ အမေရိကန်မှာကျင်းပမယ့် Hobnobben Film Festival  ပွဲမှာ ပြသဖို့ ရွေးချယ်ခံလိုက်ရပါတယ်။ (၂၀၁၈) Hobnobben  ရုပ်ရှင်ပွဲတော်ကိုတော့ ဇွန် (၇)ရက်နေ့ကနေ (၁၀) ရက်နေ့ အထိ Indiana ပြည်နယ် Fort Wayne မှာ ကျင်းပပြုလုပ်မှာပါ။ ဒီအကြောင်းကိုတော့ “မုဒြာရဲ့ ခေါ်သံ ” fb မှာ အခုလို ဝေမျှထားပါတယ်။

“Hello, Hello!!
Happy New Year!!
နှစ်သစ်မှာ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ရဲ့ Fan တွေအတွက် သတင်းကောင်းလေး ရှယ်ပေးချင်ပါတယ်။
အမေရိကန်နိုင်ငံ Indiana ပြည်နယ် Fort Wayne မြို့နယ်မှာကျင်းပမယ့် Hobnobben Film Festival မှ Mudras Calling(မုဒြာရဲ့ခေါ်သံ) ရုပ်ရှင်ကိုရွေးချယ်ကြောင်း အကြောင်းကြားလာပါတယ်။
ရုပ်ရှင်ပွဲတော်ကို ဇွန်လ ၇ ရက်မှ ၁၀ ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်။
ပြသမည့်နေ့ရက် အချိန်ကို ထပ်မံကြေညာပေးသွားပါမယ်နော်!!..” ဆိုပြီး တင်ထားပါတယ်။

from Mudras Calling