ပရိသတ်တွေကြား ၀က်ဝက်ကွဲအောင်မြင်ခဲ့တဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ ခရစ်စတီးနားခီနဲ့ မင်းသား ဇဏ်ခီတို့ ဇနီးမောင်နှံနှစ်ယောက်ဟာ ၀ါသနာချင်းလည်းတူသလို အတွဲညီညီ ကြိုးစားကြတဲ့ ဇနီးမောင်နှံပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို ရုံမတင်ခင်မှာ တိုက်ခိုက်မှုများစွားကို ခံခဲ့ရပေမယ့် ရုံတင်လိုက်တဲ့အချိန်မှာတော့ ထင်မထားရလောက်အောင် ၀က်ဝက်ကွဲအောင်မြင်ခဲ့ပါတယ်။

ဒီဇာတ်ကားကနေ အောင်မြင်မှုရလာတဲ့ မင်းသားဇဏ်ခီကိုလည်း သရုပ်ဆောင်ပီပြင်တာကြောင့် အားပေးသူများသလို ဇာတ်ကားကို ပုံဖော်ရိုက်ကူးသူ အမျိုးသမီးဒါရိုက်တာ ခရစ်စတီးနားခီကိုလည်း အကောင်းဆုံးပုံဖော်နိုင်ခဲ့တဲ့ ဒါရိုက်တာတစ်ယောက်အဖြစ် လက်ခံအားပေးခဲ့ကြပါတယ်။ သားလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားကြတဲ့သူတို့ဇနီးမောင်နှံနှစ်ယောက်ကလည်း အလုပ်ကို တက်ညီလက်ညီ ကြိုးစားခဲ့သူတွေဆိုတာကို သူတို့ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ သီချင်း MTV ဟောင်းလေးက သက်သေပြလို့နေပါတယ်။

ဒီသီချင်း MTV ကတော့ ဇဏ်ခီ ကိုယ်တိုင်သီဆိုထားပြီး ဇနီးသည် ခရစ်စတီးနားခီကိုယ်တိုင် ဒါရိုက်တာလုပ်၊ ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ယောက်ပဲ စုံတွဲပါဝင်သရုပ်ဆောင်ထား ဖြစ်ပါတယ်။  မင်းသားဇဏ်ခီက သရုပ်ဆောင်လည်းကောင်းသလို အသံလည်းကောင်းသူဖြစ်ပြီး ဇနီးဖြစ်သူကလည်း အရည်အချင်းရှိ ဒါရိုက်တာတစ်ယောက်ပဲဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံ ပါဝင်သရုပ်ဆောင်ထားကြတဲ့ MTV ရဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

ရိုးရိုးလေး ချစ်တယ်

ရိုးရိုးလေး ချစ်တယ်တေးရေး/တေးဆို – ဇဏ်ခီ

Posted by News Lodge on Friday, February 2, 2018

source : News Lodge