ပရိသတ်အချစ်တော် အလှဘုရင်မလေး မေမြင့်မိုရ်ကတော့ ပုဂံမြို့သူ ဇာတ်လမ်းတွဲမှာ ကျော်ကြားတဲ့ အနုပညာရှင်တွေ ဖြစ်ကြတဲ့ ဒေါင်း၊ ထူးအောင်၊ အိစိကွေးတို့အပြင် အခြားသော အနုပညာရှင်များစွာနဲ့အတူ ပါဝင်ရိုက်ကူးလျက်ရှိပါတယ်။ မေမြင့်မိုရ်က  ဒီဇာတ်လမ်းတွဲမှာဆိုရင် ဗိဿနိုးဘုရင်မလေးတစ်ပါးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။

မေမြင့်မိုရ်က အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူပဲဖြစ်ပါတယ်။ သူမကတော့ ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူမို့လည်း ပရိသတ်ရင်ထဲမှာ နေရာတစ်နေရာ ရနေတာပဲဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့နောက်ထပ် ဇာတ်လမ်းတွဲဖြစ်တဲ့ ပုဂံမြို့သူ ဇာတ်လမ်းတွဲအတွက် အပြင်းအထန်ကြိုးစားနေခဲ့တာပါ။

သူမရဲ့ သဘာဝကျကျ သရုပ်ဆောင်စွမ်းရည်တွေကတော့ ပရိသတ်ကို ဖမ်းစားနေခဲ့ပါတယ်။ သူမရဲ့ ပုဂံမြို့သူ ဇာတ်လမ်းတွဲ ရိုက်ကွင်းအမှတ်တရပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

source : May Myint Mo