7 Sense Flim Production ကနေ “မုန်းစွဲ” ရုပ်ရှင်ကားကြီးကို စတင်ရိုက်ကူးနေပါပြီ။ ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ ဖြစ်ရပ်မှန်တရားတစ်ပုဒ်ကို ပုံဖော်ရိုက်ကူးနေကြတာပါ။ ဒီကားကို ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်နေပြီး နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းတို့အပြင် တခြားအနုပညာရှင်တွေ အများကြီး ပါဝင်ထားပါတယ်။

မအေးသောင်းက “မုန်းစွဲ” အတူရိုက်ကူးနေတဲ့ သူ့ရဲ့ချစ်ညီမလေးတွေနဲ့အတူ ညစာစားနေတဲ့ပုံကို တင်ခဲ့ပါတယ်။ ပုံတွေထဲမှာတော့ မအေးသောင်း၊ ဖွေးစိန်လေးနဲ့ နေခြည်သောင်းတို့ကို တွေ့ရမှာပါ။

from မအေးသောင်းရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။