7 Sense Flim Production ကနေထုတ်လုပ်မယ့် “မုန်းစွဲ” ရုပ်ရှင်ကားကြီး ရိုက်ကွင်းတွေကိုတော့ စတင်နေပါပြီ။ ဒီဇာတ်ကားဟာ ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ ဖြစ်ရပ်မှန်တရားတစ်ပုဒ်ကို ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးပုံဖော်နေကြတာပါ။ ကန်တော့ပွဲကိုတော့ အောက်တိုဘာ(၃၀)ရက်နေ့က ရွှေတိဂုံဘုရားမှာ ပြုလုပ်ခဲ့ပြီး ရိုက်ကူးရေးတွေကိုတော့ စတင်နေကြပါပြီ။

ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်နေတာပါ။ တကယ့်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းတို့အပြင် တခြားအနုပညာရှင်များစွာပါဝင်ကြတဲ့ ဇာတ်ကားပါ။ ဒီကားမှာတော့ ဖွေးဖွေးက “မသည်းအုံ” ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်ထားတယ်လို့ သိရပါတယ်။

Photos from ဖွေးဖွေး fan page & နေတိုးရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။