မိုးယုစံရဲ့ သားလေးကတော့ အခုဆိုရင် အသက်(၃)လပြည့်သွားခဲ့ပါပြီ။ သြဂုတ်လ(၂၁)ရက်နေ့က မွေးဖွားခဲ့တာကြောင့် နိုဝင်ဘာ(၂၁)မှာတော့ (၃)လပြည့်ခဲ့တာပါ။ မိုးယုဟာ အိမ်ထောင်ကျပြီးနောက် အနုပညာလှုပ်ရှားမှုတွေလုပ်တာ မတွေ့ရတော့ပေမယ့် သူမရဲ့ နေ့စဉ်လူနေမှုဘ၀အကြောင်း၊ သားသားလေးရဲ့ ဓာတ်ပုံတွေကိုတော့ fb မှာ ပုံမှန်တင်လေ့ရှိတဲ့အတွက် ပရိသတ်တွေနဲ့တော့ အဆက်အသွယ်မပြတ် အမြဲထိတွေ့ဖြစ်နေပါတယ်။

သားလေးက အသက်ကြီးလာလေ လိမ္မာလေဖြစ်တဲ့အတွက် စိတ်ချမ်းသာရတယ်လို့ မိုးယုက ပြောထားပါတယ်။ သား လေးရဲ့ (၃)လပြည့်မွေးနေ့မှာ မိုးယုပြောထားတဲ့ အမှတ်တရစကားလေးတွေကတော့….

“ဘာလိုလိုနဲ့ ၃လပြည့်ပီ happy birthday ချစ်တုံးလေး ?မာမီ ဒယ်ဒီအသည်း နှစ်ဖက်လုံးက မြေးဦးဆိုတော့ ဖိုးဖိုးဖွားဖွားအသည်း ဦးဦးတွက်လည်းတစ်ဦးတည်းသောတူလေး ဘိုးဘိုးဘွားဘွားတွေရဲ့အသည်းလေး မေ့သားလေးကလည်း ကြီးလေ လိမ္မာလာလေပဲ ကိုယ်တိုင်လည်း မိဘတွေရဲ့ ရင်အုပ်မကွာ စောင့်ရှောက်မှုခံခဲ့ရတော့ သားသားလေးကို ကိုယ်တိုင်ပဲ အားလုံးလုပ်ပေးဖြစ်တယ် သူများနဲ့ဆိုစိတ်မချတာ ပါးမားတို့ရဲ့အကျင့်ကူးစက်လာတာ ကိုယ်တိုင်လုပ်ရမှကျနပ်သူဆိုတော့ပင်ပန်းတာ တော်သေးတယ် ဖိုးဖိုးဖွားဖွားတွေလည်းမနေရ လုပ်ပေးလို့သာ

“ခုတော့သားသားကလိမ္မာလာတော့ မာမီသက်သာလာပီ ကိုယ့်သားသမီးကို လုပ်ပေးရတာ ပင်ပန်းပေမဲ့ ကျေနပ်တယ် ပျော်တယ် မိဘအနေနဲ့ကိုယ်ပြုစုပျိုးထောင်ပေးရမှာတွေကိုတွေးပီး ကြည်နူးမိတယ် ကိုယ်ပျိုးထောင်လိုက်တဲ့ သူတို့လေးတွေဘဝအစစအရာရာမှာကောင်းမွန်တာကိုပဲမြင်ချင်မိတယ် ကြိုတွေးပီး ကြည်နူး ရင်ခုန် စိတ်လှုပ်ရှားမိတယ် မိဘမေတ္တာဆိုတာ ဒါပါလား (သားသားပုံတွေသာအမြဲတတ်နေတာ မာမီက သားသားတွက် interviewတွေတခုပဲဖြေဖူးသေးတယ် များနေပီထင်ပီးငြင်းနေမိတာ မာမီတင်သမျှကို တင်ပေးတဲ့ ပရိတ်သတ်တွေနဲ့အမြဲထိတွေ့ခွင့်ပေးတဲ့ media များ သားသားကိုချစ်ခင်တဲ့သူများ အားလုံးကိုလည်းကျေးဇူးအမြဲတင်ပါတယ် သားတွက်စာအရှည်ကြီးရေးတာ ပထမဆုံးပဲ…” ဆိုပြီး တင်ထားပါတယ်။

From မိုးယုစံရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။