မင်းသမီးချောလေး မိုးယုစံကတော့ သူမရဲ့ သားလေးကို ချစ်ခင်ပေးကြသူတွေ ဆုတောင်းစကား ဆိုလိုက်ပါတယ်။ မိုးယုဟာ သူမရဲ့သားဦးလေးကို သြဂုတ်လ(၂၁)ရက်နေ့ ညပိုင်းက မွေးဖွားခဲ့တာပါ။ သားလေးဟာ အခုဆိုရင်တော့ (၃)လသားလောက်ရှိနေပါပြီ။

မိုးယုဟာ အိမ်ထောင်ကျပြီးနောက် အနုပညာလှုပ်ရှားမှုတွေလုပ်တာ မတွေ့ရတော့ပါဘူး။ ဒါပေမယ့် သူမရဲ့ fb ပေါ်မှာတော့ ပုံလေးတွေ ပုံမှန်တင်လေ့ရှိတဲ့အတွက် ပရိသတ်တွေနဲ့ကတော့ အခုထိ အဆက်အသွယ်မပြတ်ရှိနေတုန်းပါ။သားချောလေးရဲ့ ပုံလေးတွေ၊ ဗီဒီယိုဖိုင်တွေကို ပုံမှန်တင်တတ်တဲ့ မိုးယုဟာ နိုဝင်ဘာ(၁၅)ရက်နေ့က သူမရဲ့ fb မှာ သားလေးရဲ့ ဗီဒီယိုဖိုင်ကို တင်လိုက်ပါတယ်။

အဲ့ဒီဖိုင်နဲ့အတူ ..”မေ့သားလေးရဲ့ ဒီပုံလေးကိုချစ်လွန်းလို့ ပြန်တင်လိုက်တယ် မေ့သားလေးကို ချစ်တဲ့သူများအားလုံးလည်း ကျေးဇူးအထူးတင်ပါတယ် ကံကောင်းခြင်းတွေအမြဲပိုင်ဆိုင်နိုင်ပါစေလို့လည်း ပြန်ဆုတောင်းပေးလိုက်ပါတယ်..” ဆိုပြီး သားလေးကို ချစ်ခင်ပေးသူတွေအတွက် ဆုတောင်းစကားဆိုလိုက်တာကို တွေ့ရပါတယ်။

မေ့သားလေးရဲ့ ဒီပုံလေးကိုချစ်လွန်းလို့ ပြန်တင်လိုက်တယ် မေ့သားလေးကိုချစ်တဲ့ သူများအားလုံးလည်း ကျေးဇူးအထူးတင်ပါတယ် ကံကောင်းခြင်းတွေအမြဲပိုင်ဆိုင်နိုင်ပါစေလို့လည်း ပြန်ဆုတောင်းပေးလိုက်ပါတယ်?

Posted by Moe Yu San on Wednesday, November 15, 2017

from မိုးယုစံရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။