မင်းသမီးချော မိုးယုစံရဲ့သားလေး ကောင်းသိင်္ခမိုးသူကို ပရိသတ်တွေက အချစ်တွေ ပိုနေကြပါတယ်။ သားလေးလည်း တစ်နေ့ထက်တစ်နေ့ အမေတူသားလေးဖြစ်လို့လာပါတယ်။ သားလေး  ကောင်းသိင်္ခမိုးသူရဲ့ အပြုံးချိုလေးကြောင့် ဖေဖေ၊
မေမေကသာမက မြင်သူတိုင်းကပါ အချစ်ပိုနေခဲ့ကြပါတယ်။

မေမေမိုးယုစံကတော့ သားလေးရဲ့ (၅)လပြည့်မွေးနေ့ကစလို့ သားသားနာမည်နဲ့ ဖေ့ဘွတ်အကောင့်အသစ် ဖွင့်ခဲ့ပါတယ်။ သားသားကို ချစ်တဲ့ပရိသတ်တွေအတွက် သားသားရဲ့ချစ်စရာပုံရိပ်လေးတွေကြည့်နိုင်အောင် ဖွင့်ထားတဲ့ အကောင့်လေးပဲဖြစ်ပါတယ်။ မေမေမိုးယုစံက သားသားရဲ့ ပုံလေးတွေကို လူမှုကွန်ရက်ကနေ မျှဝေပေးထားတာ တွေ့ရပါတယ်။

မိုးယုစံက သားသားကောင်းသိင်္ခမိုးသူကို ချစ်ပေးကြလို့လည်း ကျေးဇူးတင်ကြောင်း ပြောခဲ့ပါသေးတယ်။ မိုးယုစံဟာ အခုဆိုရင်တော့ ကားရိုက်တွေကို နားထားပြီး သားသားဘေးနားမှာ အမေတာဝန်တွေကို အပြည့် ထမ်းဆောင်နေတာပဲဖြစ်ပါတယ်။ သူမရဲ့မိသားစုဘ၀လေးက သာယာကြည်နူးဖို့ကောင်းလို့ ပရိသတ်တွေကလည်း အားကျရတဲ့ မိသားစုဘ၀လေးပဲဖြစ်ပါတယ်။ သားသား  ကောင်းသိင်္ခမိုးသူရဲ့ ချစ်စရာပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

၅လကျော်သားသားလေး???

Posted by Kaung Theinkha Moe Thu on Tuesday, January 30, 2018

source : Moe Yu San