Miss Universe 2017 ပြိုင်ပွဲကြီး ကျင်းပမယ့် အချိန်ကတော့ တဖြည်းဖြည်းနီးကပ်လာပြီပါပြီ။ (၆၆) ကြိမ်မြောက် ကျင်းပပြုလုပ်မယ့် Miss Universe ပြိုင်ပွဲကြီးကိုတော့  အမေရိကန် Las Vegas မြို့မှာ နိုဝင်ဘာ(၂၆) မှာ ကျ င်းပပြုလုပ်မှာပါ။ဒီပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံကိုယ်စားပြုအြ ဖစ် ဇွန်သံဇဉ်က ၀င်ရောက် ယှဉ်ပြိုင် သွားမှာပါ။ဇွန်သံဇဉ် ၀င်ရောက်ယှဉ်ပြိုင်မယ့် National Costume ၀တ်စုံကတော့ နာမည်ကြီး နေပါတယ်။ဒီဇိုင်နာ Dr သဇင်ခင် မှ ပုံဖော်ချုပ်လုပ်ပေး တာဖြစ်ပြီး မြန်မာ့ဆိုင်းဝိုင်းကို သရုပ်ဖော် ထားကာ မြန်မာ့အနုပညာ ရွှေချည်ထိုး လက်ရာနှင့် မှန် စီရွှေချ လက်ရာများကို ဖော်ကျူးပြသထားတဲ့ ၀တ်စုံပါ။

ဝတ်စုံနဲ့ပတ်သက်ပြီး Miss Universe Myanmar ရဲ့ FB မှာ အခုလိုအသေးစိတ်ရှင်းပြထား ပါတယ်။

မြန်မာ့ ရိုးရာတူရိယာဖြစ်သော မြန်မာ့ဆိုင်းဝိုင်းကြီးကို ရှေ့တည့်တည့်မှ မြင်ရသော မြင်ကွင်းကို ပုံဖော်ပြု လုပ်ထားခြင်းဖြစ်ပါသည်။ ရှေ့တည့်တည့်မှမြင်ရသော မြန်မာ့ဆိုင်းဝိုင်းကြီးမှ ပတ်ဝိုင်းကြီးပုံကို မယ်စကြာဝဠာမြန်မာအလှမယ် ဇွန်သံစဉ်မှ ပုဝါဖြင့်သိုင်းကာ လက်ဖြင့်ဆွဲယူ သယ်ဆောင်လာမည် ဖြစ်ပါသည်။ ပြီးမှနောက်ဘက်တွင် ခေါက်ယူလာသော ကြေးဝိုင်း၊ ပတ်မဝို င်းနှင့် ပဉ္စရူပတို့ကို ဖြန့်ချပြသမည် ဖြစ်ပါသည်။

မြန်မာ့ဆိုင်းဝိုင်းကြီးပုံကို ဖြန့်ချပြသလိုက်သည့်အခါ ညာဘက်တွင် ကြေးဝိုင်းနှင့် မြန်မာ့ဆိုင်းဝိုင်း ဆိုင်းဘုတ်၊ ဘယ်ဘက်တွင် ပတ်မဝိုင်းနှင့် ပဉ္စရူပ၊ ၄င်းတွင်ချိတ်ဆွဲထားသော ပတ်မကြီးနှင့် မောင်း တို့ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ ထိုတွေ့မြင်ရေ သာ အစိတ်အပိုင်းများကို မြန်မာ့ရိုးရာလက်မှုေ ရွှခြည်ထိုးဖြင့် ဖန်တီးပြုလုပ်ထားပါသည်။ ပတ်ဝိုင်း ကြီး၊ ကြေးဝိုင်း၊ ပတ်မဝိုင်းတို့ကို ကျွန်းသစ်ဖြင့် ဘောင်ပြုလုပ်ပြီး ထိုကျွန်းပြားပေါ်တွင် မြန်မာမှု မှန်စီရွှေချလက်မှုပညာများဖြင့် အလှဆင်ထားပါ သည်။ ဝါးလက်ခုတ်၊ ယကွင်း၊ နှဲစသော မြန်မာ့ဆိုင်း ဝိုင်းကြီးကို တီးသည့်အခါ ပါဝင်အားဖြည့်ရ သည့် မြန်မာ့တူရိယာပစ္စည်းများကို မြန်မာ့ဆိုင်းဝိုင်း ဆိုင်း ဘုတ်အောက်တွင် ချိတ်ဆွဲပြသထား ပါသည်။

ဆိုင်းဝိုင်းကြီးအား ဆိုင်းတီးပုံဖြင့် သရုပ်ဖော်ပြသပေးသူ မယ်စကြာဝဠာမြန်မာအလှမယ် ဇွန်သံစဉ်၏ ဝတ်စုံမှာ ကုန်းဘောင်ခေတ် မင်းသမီးများ၏ ဝတ်စုံကို မှီငြမ်းပြီး ဆန်းသစ်တီထွင်ဖန်တီးချုပ် လုပ် ထားပါသည်။ မင်းသမီးဝတ်စုံ၏ အဆင်တန်ဆာများကို မြန်မာ့လက်မှုရွှေခြည်ထိုးဖြင့် ပြုလုပ်ပြီး ရွှေ သားစစ်စစ်များ ထည့်သွင်း အလှဆင်ထားပါသည်။ တိမ်တောင်ဆံထုံးကို အလှဆင်ထားသော ရွှေကနု တ်ပန်းခက်နှင့် ရွှေကြိုးတို့ကို ရွှေသားစစ်စစ်ဖြင့် ပြုလုပ်ထားပါသည် ဆိုပြီး ၀တ်စုံနဲ့ပတ်သ က်ပြီး အသေးစိတ် ရေးထားပါတယ်။

 

FROM Miss Universe Myanmar 2017 & ZUN THAN SIN’S FB