မင်းသားချော မင်းသွေးတော့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်သူတစ်ယောက်ဖြစ်ပြီး အခုဆိုရင် အဆိုဘက်ပိုင်းကိုပါ သီဆိုနေတာတွေ့ရပါတယ်။ မင်းသွေးက အစ်ကိုဖြစ်သူနေတိုးရဲ့အောင်မြင်မှုကို အမီလိုက်နေသူလည်း ဖြစ်ပါတယ်။ လတ်တလောက မင်းသွေးက အချစ်အကြောင်း မေးခွန်းထုတ်လာတာမျိုး၊ တစ်စုံတစ်ယောက်နဲ့ရှိနေတဲ့ ပုံမျိုးတွေကို တင်ခဲ့ပါသေးတယ်။ ပရိသတ်တွေကလည်း နောက်ကားကျော်တတ်တော့မှာလားဆိုပြီး စိတ်ဝင်စားနေခဲ့ကြတယ်။

မင်းသွေးကတော့ သူ့အချစ်ရေးအကြောင်းနဲ့ပတ်သက်ပြီး တရားဝင်ပြောပြခဲ့တာတွေလည်း မရှိခဲ့သေးပါဘူး။ အခုမှာလည်း ချစ်သူများနေ့ရဲ့အဓိပ္ပာယ်ကို သူ့ဖေ့ဘွတ်စာမျက်နှာပေါ်မှာ အခုလို ရှင်းပြပြီးစနောက်ခဲ့ပါတယ်။ “အမုန်းမရှိဘူး ချစ်ခြင်းမေတ္တာတွေရှိနေသမျှ ချစ်ကြသူတွေအဖို့ ချစ်သူများနေ့ ချည်းပါပဲ … မိဘကိုချစ်တာ … ဘော်ဒါတွေကိုချစ်တာ …

ဆက်လက်ပြီး “ကိုယ်ချစ်ရတဲ့သူတွေကို ချစ်တာ … ကိုယ့်ကို ချစ်ကြတဲ့သူတွေကို ချစ်တာ . . . . သို့ပေတည်း ဒီလိုရက်မျိုး အပြောတော့မခံနဲ့ ချောကလက်များ ကိုယ့်ဟာကို ဝယ်စားလည်းရတာပဲလေ Happy Valentine Day All My Fans ” လို့ စနောက်ထားတာပဲဖြစ်ပါတယ်။

source : Min Thway