ဆံပင်ရှည်ရှည်လေးနဲ့ အဆိုတော် မွန်မလေး လိမ္မော်သီးကတော့ အီတလီနိုင်ငံကို အလည်အပတ်ရောက်ရှိနေပြီး အီတလီနိုင်ငံအနှံ အလည်အပတ်သွားရောက်နေပါတယ်။ အီတလီက Venice မြို့နဲ့ ရောမမြို့သို့ အလည်သွားနေတဲ့ ပုံတွေကိုတော့ သူမရဲ့ fb ပေါ်မှာ တင်ထားတာကို တွေ့ရပါတယ်။

 

Venice မြို့မှာတော့ လိမ္မော်သီးက ခရမ်းရောင် မွန်ထမီအင်္ကျီ ဝမ်းဆက်လေးနဲ့ အရမ်းကို လှပနေတာကိုတွေ့ရမှာပါ။သူမရဲ့ အယ်လ်ဘမ် “ဒဏ်ရာရ နှလုံးသား” နဲ့အတူ တွဲရိုက်ထားတဲ့ပုံလေးတွေကိုလည်း တွေ့ရပါတယ်။

“မွန်ထမီလေးနဲ့ ရောမမြို့နဲ့,,,,????
အိမ်မက်ထဲမှာတောင်မမက်ခဲ့ဘူးတဲ့ ပုံရိပ်တွေ,,,,?
တခါတလေမှာ မဖြစ်နိုင်ဘူးဆိုတာ … မဖြစ်လာသေးလို့ ပြောတဲ့စကားသာသာပါ,,” ဆိုပြီး ရောမမြို့ မှာ အဖြူရောင်မွန်ထမီအင်္ကျီလေးတွေကို ၀တ်ဆင်ထားတဲ့ သူမရဲ့ ပုံလေးတွေ ရှယ်ထားပါတယ်။

from လိမ္မော်သီးရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။