ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးသက်မွန်မြင့်ရဲ့ခင်ပွန်း ကိုစစ်နိုင်နဲ့ နာမည်ကျော် အစီအစဉ်တင်ဆက်သူဖြစ်တဲ့ မောင်မောင်အေးတို့က အမြွာတွေလားလို့တောင် ထင်ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး မောင်မောင်အေးက ပရိသတ်တွေကို သူတို့သုံယောက်ရဲ့ဓာတ်ပုံတင်ပြီး စနောက်ခဲ့ပါသေးတယ်။

မောင်မောင်အေးက ဓာတ်ပုံနဲ့အတူရေးထားတဲ့ စာကတော့ “ဟယ်လို…. ဇင်မာ…… ယူ့ကို တို့တွေ ပုံမှားရိုက်ပါရစီ .. ဇင်မာ …. ဇင်မာ …. ပြောင် ၂ ပြောင်ကြားထဲ ထိုင်ဖူးလား .. ဇင်မာ .. အို … ဇင်မာရယ်” ဆိုပြီး နောက်ပြောင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေက ဒီပုံလေးကိုမြင်ပြီး ဘယ်သူက မောင်မောင်အေးလဲ၊ ဘယ်သူက သက်မွန် ယောကျာ်းလဲဆိုတာ ဝေခွဲရခက်နေခဲ့ကြပါတယ်။

သက်မွန်မြင့်ကတော့ လတ်တလောမှာ အနုပညာအလုပ်တွေ ပြန်လုပ်နေပြီဖြစ်ပါတယ်။ လက်ရှိ ရုံတင်နေတဲ့ သူမပါဝင်ထားတဲ့ ဥပါတံမျဉ် ဇာတ်ကားကလည်း ပရိသတ်အားပေးမှု အပြည့်အ၀ရရှိနေတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ သက်မွန်မြင့်က အခုဆိုရင် သားတစ်ယောက်၊ သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်ရတဲ့ မိသားစုဘ၀လေးကိုလည်း ပိုင်ဆိုင်ထားရသူပဲဖြစ်ပါတယ်။

source : Mg Mg Aye