မင်းသမီးချော မယ်လိုဒီက အနုပညာလောကမှာလည်း အောင်မြင်သူဖြစ်သလို အိမ်ထောင်ရေးမှာလည်း ကံကောင်းသူလေး ဖြစ်ပါတယ်။ မယ်လိုဒီက ဖေဖော်ဝါရီလ (၄)ရက်နေ့က ကျင်းပခဲ့တဲ့ SK Jewels ရဲ့ဖွင့်ပွဲကို သူမရဲ့ခင်ပွန်းနဲ့အတူ နေမကောင်းတဲ့ကြားက တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ နေမကောင်းဖြစ်နေတဲ့သူမကို လက်ကိုင်ပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူရဲ့ အားကိုးရပုံကို အခုလို ပြောပြလာပါတယ်။

“နေမကောင်းတော့ အိမ်ထောင်ဦးစီးက ပိုအားကိုးရတယ်လေ …. လက်ကလေး ချိတ်ထားတော့ ခေးမေ နေမကောင်းဖြစ်ပြီးမူးနေတာ မသိသာဘူး …. ချစ်ကြတဲ့သူတွေတော့ သိကြတယ် မလန်းဘူးတဲ့ ခေးမေကို မေတ္တာပို့ ဆုတောင်းပေးကြပါနော် … အားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ ကောင်းကျိုးလိုရာဆန္ဒ ပြည့်စုံကြပါစေရှင်” ဆိုတဲ့စာလေးကို ရေးသားထားတာပဲ ဖြစ်ပါတယ်။

လက်တွဲဖော်ကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားရတဲ့ သူမအတွက် သာယာပျော်ရွှင်တဲ့ မိသားစုဘ၀ကို ပိုင်ဆိုင်ထားရသူဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမက အနုပညာအလုပ်တွေ ပြန်လုပ်နေပြီဖြစ်ပါတယ်။

source : actress melody