မော်ဒယ်မင်းသမီးလေး မေရတီဇော်ကတော့ ငွေဆောင်ကိုရောက်နေပါတယ်။ Eushido အတွက် Calendar ရိုက်ဖို့ အတွက် ရောက်နေတာပါ။

မိုးထဲ လေထဲမှာ ရိုက်ကူးနေကြတာဖြစ်ပြီး သူမ ဘယ်လိုကြိုးကြိုးစားစားရိုက်ကူးနေလဲဆိုတာကို ဖော်ပြထားတဲ့ snap ပုံလေးတွေကို သူမရဲ့ fb ပေါ်မှာ တင်ထားပါတယ်။

“စမီး Ushido အတွက် Calendar လေးရိုက်နေတယ်
စမီးတို့အုပ်စုမိုးထဲလေထဲမှာ ကြိုးစားနေတဲ့snapလေး
တွေပါ ကြွက်စုတ်မဖြစ်ခင်ပေါ့ ..ပုံလှလှလေးတွေကတော့ Calendar ထွက်မှကြည့်ပါ..” ဆိုပြီး တင်ထားပါတယ်။

မော်ဒယ်မေရတီဇော်ဟာ ဒီလ(၂၀)ရက်နေ့ကကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့မှာတော့ အာစိဏ္ဏသီရိပရဟိတကျောင်းမှာ အနွေးထည်တွေ၊ လမ်းခင်းဖို့အတွက်လိုအပ်တဲ့ငွေကြေး၊ တနေ့စာဆွမ်းအလှူအတွက် ဝတ္ထုငွေတွေ လှူဒါန်းခဲ့တာကိုလည်းတွေ့ရပါတယ်။ အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ပွဲတွေမှာ မကြာခဏတွေ့ရပါတယ်။ မဂ္ဂဇင်းတွေနဲ့ကြေ်ငြာတွေအတွက် ဓါတ်ပုံရိုက်ကူးပေးတာကို တွေ့ရပါတယ်။

from မေရတီဇော်ရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။