မေပန်းချီကတော့ သူမရဲ့ fb စာမျက်နှာကနေတစ်ဆင့် ရင်ထဲက ခံစားချက်တွေကို ရင်ဖွင့်လိုက်ပါတယ်။ ဘယ်သူရယ်လို့တော့ နာမည်တပ်ပြီး ပြောမထားပါဘူး။ ခေါက်ရိုးကျိုးနေတဲ့ ရုပ်ရှင်လောကဆိုပြီး ပြောထားပါတယ်။ သူနဲ့အတူ တွဲဖက်သရုပ်ဆောင်တဲ့ မင်းသမီးဆီကနေ ဇာတ်ဝင်ခန်းထဲမှာမပါတဲ့ ရိုင်းစိုင်းတဲ့စကားလုံးတွေနဲ့ အပြောအဆိုခံလိုက်ရတဲ့အတွက် ခံပြင်းပြီးပြောထားပုံရပါတယ်။ အပြည့်အစုံကတော့…….

“အနုပညာလုပ်ခဲ့ပြီးရုပ်ရှင်ရိုက်ခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ…….
ဇာတ်ဝင်ခန်းအရ ဒိုင်ယာလော့တွေကြမ်းကြမ်းတမ်းတမ်းပြောရမယ်ဆိုရင်,,,
ကိုယ်နဲ့တူတူပါဝင်သရုပ်ဆောင်တဲ့သူဘယ်သူဘဲဖြစ်ဖြစ်
ကြီးသူဖြစ်စေ ငယ်သူဖြစ်စေ
Sorry ဒါမှမဟုတ် ကန်တော့ပါနော်လို့
တောင်းပန်ပြီးမှရိုက်လေ့ရှိပါတယ်
အခုကျတော့ ဒါရိုက်တာကလည်းအဲ့ဒိုင်ယာလော့ မသင်ထားဘူး ဇာတ်ဝင်ခန်းထဲမှာလဲမပါဘူး ပြောလိုက်တာ တလဆက် ဘယ်နားဘယ်လိုဝင်ပြီးပြောပြီး ,,,
အိုက်တင်လုပ်ရမှန်းမသိ ပြောလိုက်တာလဲ
ကြမ်းကြမ်းတမ်းတမ်း ရိုင်းစိုင်းလိုက်တာ
မလိုအပ်တာတွေပါထည့်ပြောတယ် သူတောင်စား
တွေရောဝက်မတွေပါမကျန်ငါးစိမ်းတန်းထဲရောက်သွားသလိုဘဲ
ချေတာလဲချေပေါ့ညီမလေးရယ် ချစ်ဖို့ကောင်းအောင်ချေပါ

အိုက်တင်ကောင်းတာထက်ရိုင်းတယ်ဆိုတဲ့
ခေါင်းစဉ်ကိုအတပ်မခံရပါစေနဲ့

အမတို့ကအနုပညာ လုပ်ပိုင်ခွင့်က
ဇာတ်ကားတစ်ကားမှာချပြခွင့်နည်းပါတယ်

ရတဲ့အခွင့်ရေးကိုတော့အပြည့်အဝလုပ်ပါရစေ

 

ညီမလေးကအောင်မြင်ပြီးသားပါ ညီမလေးနဲ့ယှဉ်ပြောပြိုင်ပြောရင်လဲ အစ်မတို့ပဲ လူမုန်းများမှာပေါ့ ညီမလေးရယ်
ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ
အစ်မတို့လဲပြောတတ်ပါတယ် ဒါမဲ့မရိုင်းပါရစေနဲ့ ???
အစ်မတို့ကဘာမှမဟုတ်ဘူးလေ ???

ခေါက်ရိုးကျိုးနေတဲ့ ရုပ်ရှင်လောက…” ဆိုပြီး တင်ထားပါတယ်။

မေပန်းချီဟာ” စိတ်ကြီးဝင်နေသော မိန်းမ” ဆိုတဲ့ ဇာတ်ကား ရိုက်ကူးနေပါတယ်။ နိုဝင်ဘာ(၂၁)ရက်တုန်းက ရိုက်ကွင်းပုံရိပ်တွေကို သူမရဲ့ fb ပေါ်မှာ တင်ခဲ့ပါသေးတယ်။ ရွှေမှုန်နဲ့အတူ ရေကူးကန်မှာ ရေကူးဝတ်စုံ ၀တ်ရမယ်ဆိုပြီး fb post တင်ခဲ့ပါသေးတယ်။

 

from မေပန်းချီရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။