ပရိသတ်တွေရဲ့ ချစ်မေတ္တာကို ပိုင်ဆိုင်ထားရတဲ့ မင်းသမီးချော ဖွေးဖွေး (ခေါ်) ဖွေးစိန်လေးကတော့ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်သူလေးပဲဖြစ်လို့ အကယ်ဒီမီဆု ဆွတ်ခူးထားနိုင်သူပါ။ ကြမ်းကြမ်းတမ်းတမ်းဇာတ်ရုပ်တွေရိုက်ကူးမယ်ဆိုရင် ဇာတ်ရုပ်ပီပြင်အောင် အလှမမက်ဘဲ ကြမ်းကြမ်းတမ်းတမ်း သရုပ်ဆောင်တတ်သူလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေ ချစ်မ၀ဖြစ်နေရတဲ့ ဖွေးစိန်လေးအဖြစ် ရပ်တည်နေနိုင်တာပါ။

ဖွေးဖွေးတော့ လတ်တလောမှာ “ကြာတော့သည်လည်း မောင့်စကား” ရုပ်ရှင်ဇာတ်ကားအတွက် မေမြို့ကို လုပ်ဖော်ကိုင်ဘက်တွေနဲ့အတူ ရောက်ရှိနေပါတယ်။ ဒီဇာတ်ကားမှာတော့ စိုင်းစိုင်း၊ ထွန်းထွန်းနဲ့ ဖွေးဖွေးတို့ ပါဝင်သရုပ်ဆောင်ထားပြီး ဂျူးရဲ့ ၀တ္ထုကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ။ သူမရဲ့ မေမြို့ရောက် လရောင်အောက်မှာ လှနေတဲ့ အလှပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

source : Phway Phway