မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ မိတ်ကပ်တွေ ချယ်သမထားတဲ့ သူမရဲ့ ပင်ကိုယ်သဘာဝအလှ ကို ထုတ်ပြလိုက် ပါတယ်။ပြင်ဦးလွင်မှာ ရိုက်ထားတဲ့ ပုံလေးတွေပါ။

မြေနီလမ်းလေးတစ်ခုမှာ ရိုက်ထားတာပါ။ပန်းရိုင်းလေးတွေကို လက်ထဲမှာ ကိုင်ပြီး ရိုက်ထားတာပါ။ပုံတွေထဲမှာ တော့ အ၀တ်အစားတောက်တောက်ပပ တွေ ၀တ်မထားပဲ ပကတိ  ကပိုကရိုအလှနဲ့ မေမြင့်မိုရ်ကို တွေ့ရမှာပါ။

“တောင်တန်းတွေရယ် မြေနီလမ်းလေးရယ်
မြို့ပြနဲ့ဝေးတဲ့နေရာလေးရယ် မိတ်ကပ်မပါတဲ့ကျွန်မရယ်..” ဆိုပြီး တင်ထားတာပါ။

မေမြင့်မိုရ်ဟာ “ပန်းနုသွေး” ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပရိသတ်တွေရင်ထဲကို ရောက်ခဲ့တဲ့ မင်းသမီးလေးပါ။နောက်ပိုင်း မှာတော့ MRTV 4 ရဲ့ ဇာတ်လမ်းတွဲ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တာကိုလည်း တွေ့ရပါတယ်။တလောက ဆိုရင် “အရိပ်” ဆိုတဲ့ ဇာတ်ကား ရိုက်ကူးခဲ့တာကိုလည်း တွေ့ရပါတယ်။အနုပညာမှာရော ပညာရေးဘက်မှာ ပါ မလစ်ဟင်း တဲ့ သူမဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဥပဒေဘွဲ့ရရှိခဲ့ပါတယ်။

from မေမြင့်မိုရ်ရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။