မေမြင့်မိုရ်ကတော့ မေမြို့မှာ ခရမ်းချဉ်သီးခူးနေတဲ့ ပုံလေးတွေကို သူမရဲ့ FB မှာတင်ထားပါတယ်။ ဘာမိတ်ကပ်မှ လိမ်းမထားတဲ့အတွက် ကြည့်ရတာအဆင်မပြေဖြစ်ခဲ့ရင်လည်း သည်းခံကြပါလို့ မေမြင့်မိုရ်က ပြောထားပါတယ်။

“ချစ်ဆုံးလေးတွေအတွက် မေ မေမြို့မှာ ခရမ်းချဉ်သီးခူးနေသည်??? (မိတ်ကပ်မပါလို့သည်းခံပါနော့်..)” ဆိုပြီး တင်ထားတာပါ။

မေမြင့်မိုရ်ဟာ MRTV-4 ရဲ့ ဇာတ်လမ်းတွဲတွေဖြစ်တဲ့ “ပန်းနုသွေး”၊ “ဆုံဆည်းခြင်းမိုးတိမ်များ” ဆိုတဲ့ ဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အ၀ရရှိထားသူပါ။ သူမရိုက်ကူးခဲ့တဲ့ “အရိပ်” ဆိုတဲ့ ဇာတ်ကားကိုလည်း ပရိသတ်တွေက မကြာခင်မှာ ကြည့်ရှုအားပေးခွင့်ရတော့မယ်လို့ သိရပါတယ်။

from မေမြင့်မိုရ်ရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။