ပရိသတ်ရဲ့ အချစ်တော် မင်းသမီးချောလေး မေမြင့်မိုရ်တစ်ယောက် သူမ Facebook မှာ အချစ်နဲ့ပတ်သက်တဲ့ Status လေးတွေတင်နေလို့ ပရိသတ်တွေက မေမြင့်မိုရ်ရဲ့ အချစ်ရေးကို စိတ်ဝင်စားနေကြပါတယ်။ မေမြင့်မိုရ်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုက “ပုဂံမြို့သူ” ဇာတ်ကားကို ရိုက်ကူးဖို့ ပုဂံကို ရောက်နေပါတယ်။

မေမြင့်မိုရ်လေးက “အချစ်ကင်းမဲ့ဇုန်မှာ….မေက တစ်ယောက်တည်းလည်း အဆင်ပြေပါတယ်” ဆိုပြီးပြောလိုက်ပါတယ်။ ပရိသတ်တွေကလည်း ဘယ်သူကို ပြောချင်နေတာလဲဆိုတာ စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် မေမြင့်မိုရ်က သူမရဲ့ပရိသတ်တွေ အထင်မလွဲရအောင် “သီချင်းလေးနားထောင်ရင်း စာသားလေးတင်တာမို့ တစ်မျိုးမထင်စေဖို့ ” ဆိုပြီး Comment ပေးထားတာတွေ့ရပါတယ်။

source : May Myint Mo