လတ်တလောကမှ ရှေ့နေဘွဲ့ရသွားတဲ့ ရှေ့နေအသစ်သစ်စက်စက်လေး မေမြင့်မိုရ်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့အတွက် ပြင်ဦးလွင်မြို့ကို ရောက်ရှိနေပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီးရဲ့နာမည်ကတော့ ‘ကောင်းကင်/မြေပြင်/ငါ့အချစ်-တည်မြဲပါစေ’ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မိုးယံဇွန်၊ ထွန်းကိုကို၊နန်းခင်ဇေယျာတို့နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ ကန်တော့ပွဲကိုတော့ နိုဝင်ဘာလ (၉)ရက်နေ့က ရွှေတိဂုံစေတီတော်မှာ ပြုလုပ်ခဲ့ပါတယ်။

မေမြို့မှာ ရိုက်ကူးနေကြတဲ့ ‘ကောင်းကင်/မြေပြင်/ငါ့အချစ်-တည်မြဲပါစေ’ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကွင်းကပုံရိပ်တွေကိုတော့ မေမြင့်မိုရ်က သူ့ရဲ့ ဖေ့စ်ဘုတ်မှာတင်ပေးထားတာ ဖြစ်ပါတယ်။

Source: May Myint Mo facebook, Yanpaing Tunko facebook

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။