ပရိသတ်တွေရဲ့ အားပေးမှုကိုရနေတဲ့ သရုပ်ဆောင် မင်းသမီးချောလေး မေမြင့်မိုရ်တစ်ယောက်ကတော့ “ပုဂံမြို့သူ”ဇာတ်ကားရိုက်ကူးဖို့အတွက် ပုဂံကို ရောက်ရှိနေတာကြာပါပြီ။ မေမြင့်မိုရ်က ပုဂံမြို့သူ ဇာတ်ကားအတွက် အပြင်းအထန်ကြိုးစားရိုက်ကူး နေတာပဲဖြစ်ပါတယ်။

အခုတလောမှာတော့ ပုဂံရောက်ပုံလေးတွေကိုတင်တိုင်း အချစ်အကြောင်းတွေကိုပါ တင်နေတာတွေတွေ့လို့ ပရိသတ်တွေက မေမြင့်မိုရ်တစ်ယောက် ချစ်သူရနေပြီးလားလို့ စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် သူမအတွက်ကတော့ အချစ်ဆိုတာ ဘယ်လိုဟာမျိုးလဲဆိုပြီး မေးရမလို ဖြစ်နေပုံရပါတယ်။

အခုလက်ရှိမှာတော့ မေမြင့်မိုရ်ရဲ့ ချစ်သူက ပရိသတ်တွေပဲဖြစ်တယ်လို့ သိရပါတယ်။ မြန်မာဝတ်စုံလေးတွေနဲ့ ကျက်သရေရှိအောင်လှနေတဲ့ မေမြင့်မိုရ်ရဲ့ လတ်တလော ပုဂံရောက် လှုပ်ရှားမှုပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ယဉ်ယဉ်လေးမို့ ပိုပြီးလှနေတဲ့ မေမြင့်မိုရ် …

မေမြင့်မိုရ်တစ်ယောက်ကတော့ ပုဂံရဲ့ နေရောင်အောက်မှာလည်း မရိုးနိုင်အောင် လှပနေမြဲပါ။

တည်ငြိမ်တဲ့ အလှတရား …

နေကာမျက်မှန်လေးနဲ့ မေမြင့်မိုရ် …

source : May Myint Mo’s fb