မေမြတ်နိုးကတော့ Miss တစ်ယောက်ဖြစ်သလို အဆိုတော်၊ မော်ဒယ်၊ မင်းသမီး တစ်ယောက်ပါ။ အနုပညာရှင် နယ်ပယ်အားလုံးမှာ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေသူပါ။

မေမြတ်နိုးတစ်ယောက် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက်နေပါတယ်။ ဒီလ (၂၂) ရက်နေ့ကတည်းက ရန်ကုန်ကနေ ကိုရီးယားကို ထွက်ခွာသွားခဲ့တာပါ။ သူမရဲ့ ခရစ်စမတ်ကာလကိုလည်း အဲ့ဒီမှာပဲဖြတ်သန်းခဲ့တာကို တွေ့ရပါတယ်။

ကိုရီးယားကို သွားရတဲ့ အကြောင်းအရင်းကတော့ အဆိုတော် NamJi ရဲ့ ပွဲမှာ MC လုပ်ဖို့ပါ။ MC အပြင် မေမြတ်နိုးက သီချင်းပါ သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။ fb မှာ live လွှင့်ခဲ့ပြီး All of me ဆိုတဲ့ သီချင်းကို သီဆိုဖော်ျဖြေခဲ့တာ တွေ့ရပါတယ်။ Evening grown နဲ့ လှချင်တိုင်းလှနေတဲ့ မေမြတ်နိုးရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

from မေမြတ်နိုးရဲ့ fb