ပရိသတ်တွေရဲ့ အသည်းကျော် အလှမယ်တစ်ဦးဖြစ်တဲ့ မေမြတ်နိုးကတော့ အခုလောလောဆယ် ဂျပန်နိုင်ငံကို Maybelline Newyork Myanmar နဲ့အတူ Gigi Hadid နဲ့တွေ့ဖို့ ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ အလှမယ် မေမြတ်နိုးက မော်ဒယ်လောကမှာ နာမည်ကြီးသူတစ်ဦးဖြစ်ပြီး အနုပညာအလုပ်တွေလည်း ဆက်တိုက်လုပ်နေရသူပါ။

မေမြတ်နိုးက အနုပညာလောကမှာ ခိုင်မာတဲ့နေရာတစ်နေရာ ရရှိထားတဲ့ နိုင်ငံအသိအမှတ်ပြု အလှမယ်တစ်ဦးဖြစ်ပြီး သရုပ်ဆောင်ပိုင်းကိုလည်း အားကြိုးမာန်တက် လှုပ်ရှားနေပါတယ်။ ပရိသတ်တွေနဲ့လည်း အဆက်မပြတ်ရအောင် ရုပ်ရှင်ပိုင်းတွေကိုပါ ခြေလှမ်းစတင်နေပြီ ဖြစ်ပါတယ်။ အခုဆိုရင်လည်း Maybelline Newyork Myanmar နဲ့ပူးပေါင်းပြီး အလုပ်သဘောအရ ဂျပန်နိုင်ငံကို ရောက်နေပါတယ်။

source : May Myat Noe